ဟိုတယ်ကို ညဘက်မှာရောက်သွားတာဆိုတော့ ပထမဆုံးနေ့က ဘယ်မှမသွားဖြစ်ဘူး။ နောက်နေ့မနက်စာကို ဟိုတယ်မှာပဲစားတယ်။ ကန်ဒီတို့ Tour Guide ဦးလေးကြီးက ဟိုတယ်ကို မနက်(၈)နာရီလောက် လာခေါ်တယ်။ ပထမဆုံးသွားဖြစ်တာက Taman Ayun Temple... "Taman Ayun Temple" ဆိုတာ "လှပတဲ့ဥယျာဉ်ထဲက ဘုရားကျောင်း"လို့ အဓိပ္ပာယ်ရတယ်။ Mengwi ဒေသမှာရှိပြီးတော့ ဟိုးးအရင် Mengwi ဘုရင်က AD 1634 မှာ ဆောက်ခဲ့တာ...
သူတို့ဆီမှာလည်း မြန်မာတွေလိုပဲ ကြက်ပွဲတွေရှိတယ်။ ကြက်နှစ်ကောင်ကို ခွပ်ခိုင်းပြီး ပွဲကြည့်ပရိသတ်က ဘယ်ဘက်ကနိုင်မယ်ဆိုပြီး လောင်းကြတာမျိုးလေ။ ခုချိန်ထိတောင် မြန်မာပြည်မှာ အဲ့လိုပွဲမျိုးတွေ ရှိသေးလား မသိဘူးနော်။ လူတွေကတော့ ပျော်စေပျက်စေလောင်း... ကြက်တွေခမျာတော့ ခွပ်ရလို့ ဒဏ်ရာတွေ ဗရပွနဲ့... အဲ့ဒါမျိုးတွေ လုံးဝ လုံးဝ အားမပေးဘူး....
ဘုရားကျောင်းအတွင်းတော့ ၀င်လို့မရဘူး။ အုတ်တွေနဲ့ကာထားတယ်။ ရှိခိုးမယ့်သူတွေပဲ ၀င်လို့ရတယ်။ ဘာလီမှာ ထူးခြားတာတစ်ခုက နေရာတိုင်းလိုလိုမှာ ဘုရားကျောင်းတွေ ရှိတယ်။ Tour Guide ဦးလေးကြီးကို မေးကြည့်တော့ သူပြောပြတာ Family တစ်ခုမှာ သီးသန့်ဘုရားကျောင်းတစ်ခုစီ ရှိတယ်တဲ့။ အဲ့ဒါကို Family Temple လို့ခေါ်တယ်တဲ့။ မိသားစုရေးရာပွဲတွေဆို သူတို့ကိုယ်ပိုင် Family Temple မှာ ဆွေမျိုးတွေစုပေါင်းပြီး လုပ်တယ်ပေါ့။ မိသားစုချမ်းသာရင် ချမ်းသာသလောက် Temple ကလည်း ပိုကောင်းပြီး ကျယ်တယ်။ Community Temple ဆိုတာလည်း ရှိတယ်တဲ့။ အဲ့ဒါကျတော့ လူတိုင်းလာပြီး ရှိခိုးကြတာပေါ့။ ဒီ Taman Ayun ဆိုတာက ပြောရမယ်ဆို အဲ့ဒီခေတ်က ရှေးဘုရင်မိသားစုရဲ့ ဘုရားကျောင်းလိုမျိုးဆိုပါတော့။
အဲ့ဒါပြီးတော့ ကန်ဒီတို့ Ulun Danu Beratan Temple ကို သွားတယ်။ ဒီဘုရားကျောင်းကတော့ Beratan လို့ခေါ်တဲ့ ရေကန်လေးအလယ်မှာ ရှိတာ။ တောင်ပေါ်မှာလည်းဖြစ်တော့ ရာသီဥတုက အေးစိမ့်စိမ့်လေး... (၁၇)ရာစုက အဲ့ဒီရေကန်ရဲ့ဘုရား ခေါ်မလား... Goddess of the Lake ကို ရှိခိုးဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာတဲ့။ ဘာလီမှာ ဟိန္ဒူဘာသာဝင်တွေ များတယ်။ သူတို့ဘာသာတရားကိုလည်း တော်တော်လေး ကိုင်းရှိုင်းကြတယ် ပြောရမယ်။
အနောက်ဘက်က တောင်တွေ မြူတွေနဲ့မို့ ဓာတ်ပုံထဲမှာ မမြင်ရဘူး...
အဲ့ဒီနှစ်နေရာပြီးတော့ Botanical Garden လိုနေရာ သွားတာကို မိုးတွေရွာတာနဲ့ အထဲက အမိုးပါတဲ့ တစ်နေရာပဲရောက်သွားပြီး နေ့လည်စာ စားကြတယ်။ စားသောက်ဆိုင်က ရှုခင်းကလည်း လှတယ်။ ဒါပေမယ့် မိုးရွာနေတော့ အရာအားလုံးမှုန်ဝါးဝါးပေါ့။
မိုးတိတ်သွားမှ ရှုခင်းက ကြည်လင်လာတယ်။
နေ့လည်စာ...
Package အရတော့ ဘူဖေးကျွေးတာ... ကန်ဒီ့သူငယ်ချင်းတွေက ဘူဖေးစားကြတာပေါ့။ ဒါပေမယ့် သက်သတ်လွတ်မပါလို့ Tour Guide ဦးလေးကြီးက ကန်ဒီ့အတွက် သီးသန့်စီစဉ်ပေးတာ။ ထမင်းကြော်နဲ့ ခေါက်ဆွဲကြော်... ဆီနဲ့ဆားအရမ်းသုံးထားတယ်။
ဒီနေ့တော့ ဒီလောက်နဲ့ ရပ်မယ်နော်...
3 comments:
တစက်မြိတ်ပေါ်ကနေ မိုးရေလေးတွေကျနေတဲ့ပုံသဘောကျတယ်။
ကိုယ်တောင်အေးစိမ့်စိမ့်နဲ့ မိုးဖွားလေးတွေစင်လာမလိုခံစားရတယ်။
ကန်ဒီကတော့ အဲဗားပရိတီး...
မမအိုင်အိုရာ
မိုးချစ်တဲ့သူမို့လား မိုးလို့အသံကြားတာနဲ့ ရင်ခုန်လာရော...။ ခရီးသွားတဲ့အချိန်မိုးရွာတော့ ခရီးသည်တော်တော်များများ စိတ်ပျက်မိမှာပဲ...။ အစ်မကတော့ ကန်ဒီ့ပုံတွေကြညြ့်ပီး တောတောင်စိမ်းစိမ်းတွေကို မိုးရွာထဲ တိတ်တဆိတ်လေးထိုင်ကြည့်ချင်နေမိတယ်...။ တစ်နှစ်တစ်ခေါက် ကောင်းကောင်းအကုန်ကျခံပြီး ခရီးသွားရတာကောင်းတယ်...။ ကိုယ်တွေလည်းခရီးသွားရတာအသေကြိုက်သူမို့...။
မိုးငွေ့
မိုးမမ နှစ်ယောက် ဟိဟိ xD
Post a Comment