Monday, November 14, 2016

ကထိန် (Yeo's Building)

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့နော်... ဘယ်သူမယ်ဇလီဖူးသုပ် စားပြီးပြီလဲ?? ဘာလီပိုစ့်တွေချည်းဖတ်ပြီး ငြီးငွေ့နေမှာစိုးလို့ လောလောလတ်လတ်လုပ်ဖြစ်တဲ့ ပိုစ့်လေးတွေလည်း တင်ဦးမှပါ။ မနေ့က Yeo's Building မှာ ဓာတ်တော်တိုက် စုပေါင်းမဟာဘုံကထိန်ပွဲ ရှိတယ်။ အဲ့ကိုသွားတယ်ပေါ့နော်... အဓိက,ကတော့ ဒီအချိန်အထိ ကထိန်သင်္ကန်းမကပ်ရသေးလို့ ကထိန်သင်္ကန်းကပ်ဖို့ သွားတာ။ တစ်ဦးတည်းသောချစ်သူရည်စား ကိုမျိုးက အဲ့မှာဝေယျာဝစ္စလုပ်အားပေးပြီး အလုပ်တွေရှုပ်... ရှုပ်ဆိုသူတို့ပရဟိတအဖွဲ့က ဦးစီးလုပ်တဲ့ပွဲကိုး။ ကန်ဒီကတော့ သူ့ကို သွားရှုပ်တာပေါ့။ ကထိန်လှည့်ဖို့ ကွမ်းတော်ကိုင် ပန်းတော်ကိုင်လိုတယ်ဆိုလို့ ကထိန်လှည့်တာမှာ ပါလိုက်သေးတယ်။ 



ကျေးဇူးရှင်က သူ့ဟာသူရှုပ်ပြီး ကန်ဒီကွမ်းတော်ကိုင်တဲ့ပုံလေးတောင် ဓာတ်ပုံလာမရိုက်ပေးဘူး။ အမြင်ကတ်တယ်။ သူလာမရိုက်ပေးတော့ သူများရိုက်ထားတာလေးတွေ ကိုယ့်ဟာကိုယ် ပြန်တောင်းရတာပေါ့။ အဲ့ဒါ သူများပို့ပေးထားတဲ့ ပုံလေးတွေ...



မသိရင် တကယ်မြန်မာပြည်ပြန်ရောက်နေသလိုပဲ... ဦးရွှေရိုးနဲ့ ဒေါ်မိုးကလည်း သီချင်းနဲ့ စည်းချက်ညီညီ မြူးမြူးကြွကြွ ကတယ်။ တခြားအဖွဲ့က က,ချင်တဲ့သူတွေကလည်း ၀င်ကပေါ့။ နေ့လည်စာ ဒံပေါက်ကျွေးတယ် ထင်တယ်။ ကန်ဒီလည်း ကိုယ်စားလို့မရတော့ သိပ်သတိမထားမိဘူး။





မင်္ဂလာဆောင်တစ်ခုသွားဖို့ရှိတာနဲ့ ဘုန်းဘုန်းကို အရင်ကပ်ပါရစေခွင့်တောင်းပြီး ကထိန်သင်္ကန်းကပ်... ပြီးမှ မင်္ဂလာဆောင်သွားကြတယ်။ သူကတော့ မင်္ဂလာဆောင်ကအပြန် ဘုန်းကြီးကျောင်းပြန်သွားပြီး လိုအပ်တာတွေ ဆက်ကူရသေးတယ်။ သာဓု သာဓု သာဓု... ကန်ဒီကတော့ အိမ်ပြန်လာတယ် ဟီးဟီး xD

ဒီလိုနဲ့ တနင်္ဂနွေတနေ့တာ ကုန်ဆုံးပါ၏ :)

3 comments:

coral nyo said...

ဒီပို့စ်မှာအကြိုက်ဆုံးပုံက အောက်ဆုံးကတစ်ပုံ ကြည့်ရတာ ကြည်နူးပီတိဖြစ်စရာ ကုသိုလ်အတူလုပ်ခွင့်ရှိတာလည်း သာဓုခေါ်စရာ...း)

မိုးငွေ့

Anonymous said...

အတူကပ်လှူတဲ့ အလားတူပုံမျိုးလေး ဘယ်တော့ကြည့်ရမှာလဲလို့ .....
မမအိုင်အိုရာ

ငြိမ်းမိန်းကလေး said...

အဲဒိနေ့ နေမကောင်းလို့ ဘယ်မှ မထွက်လိုက်ရဘူး...ကန်ဒီလေးက ဘယ်အချိန်ကြည့်ကြည့် လှနေရော...
နောက်ဆုံးပုံလေး သဘောကျစွာကြည့်သွားတယ်.. သာဓု သုံးကြိမ်လည်းခေါ်လိုက်ပါတယ်။