ကန်ဒီ့အတွက် မမမိုးငွေ့တင်ပေးထားတဲ့ ငှက်ပျောသီးကိတ်လုပ်နည်း ပိုစ့်လေးကို ကြည့်ပြီး ဒီနေ့ကိုယ်တိုင်လုပ်ကြည့်တာ အောင်မြင်တယ်ဗျို့... လုပ်သာလုပ်တာ ကိုယ့်ကိုကိုယ်ယုံကြည်မှုက သိပ်မရှိဘူးလေ။ ပထမဆုံးလုပ်တာဆိုတော့... နောက်ပြီး မမမိုးငွေ့လုပ်တဲ့ Loaf pan က ကန်ဒီ့ Loaf pan ထက်ကြီးတယ်ထင်တယ်။ ကန်ဒီ့ Loaf pan က (1)lb ပဲ ဆိုတော့ နည်းနည်းသေးတယ်။ အဲ့ဒါနဲ့ အချိုးအစားကို အားလုံးတ၀က်နည်းပါး လျော့လိုက်တယ်။ ကိုယ့်ဟာကိုယ် လျှောက်လုပ်တာတွေလည်း နည်းနည်းပါတယ် ဟဟ။ ကန်ဒီထည့်တဲ့ အချိုးအစားတွေကို ရေးပြမယ်နော်...
Wet Ingredients
1) 2 Bananas
2) Half of the 1/4 cup of oil
3) 2 drops of vanilla essence
Dry Ingredients
1) 1 cup of whole grain flour
2) 1/4 tsp of baking soda
3) 1 tsp of baking powder
4) Half of the 1/4 cup of brown sugar
Dry Ingredients နဲ့ Wet Ingredients ကို ရောလိုက်တဲ့အချိန်မှာ အချိုးအစားကမမျှဘဲ အရမ်းကြီးပျစ်နေတာနဲ့ ကိုယ်လိုချင်တဲ့အနေအထားရတဲ့အထိ ပဲနို့တွေထည့်လိုက်သေးတယ်။ ပြီးတော့မှ (1)lb Loaf pan ကို ဆီသုတ်၊ Baking paper ခံပြီး ခုနကရောထားတဲ့အနှစ်ထည့်တယ်။
အပူချိန် 170'C ကြိုပြီးအပူပေးထားတဲ့ Oven ထဲမှာ (၅၅)မိနစ်လောက် ထားတယ်။ (၁၅)မိနစ်တစ်ကြိမ်လောက် လှည့်ပေးတယ်။ အပေါ်မျက်နှာပြင်ညိုလာတဲ့အချိန်လောက်မှာ မျက်နှာပြင်တူးမှာစိုးလို့ အပေါ်ကနေ Aluminium Foil အုပ်လိုက်တယ်။ (၅၅)မိနစ်ပြည့်ပြီးသွားတော့ နောက်ထပ်(၁၀)မိနစ်လောက် ထပ်ထားလိုက်သေးတယ်... မကျက်မှာစိုးလို့။ ၀ါးတုတ်လေးနဲ့ ထိုးကြည့်လို့ မုန့်သားကပ်မပါလာရင် ကျက်ပြီတဲ့။
မြည်းကြည့်တာ စားလို့ကောင်းတယ်။ ကန်ဒီသုံးတဲ့ဂျုံက Wholegrain ဆိုတော့ အဲ့အနံ့လေးတော့ နည်းနည်းပါတယ်။ သကြားလည်း အနေတော်ပဲ။ ကိုယ်က အချိုမစားတဲ့သူဆိုတော့ ကန်ဒီအတွက်တော့ နည်းနည်းချိုတယ်။ နောက်တစ်ခါ ဒီထက်လျော့ထည့်ရမယ်။ အိမ်ကအစ်မကို ကျွေးကြည့်တော့ အားလုံးအနေတော်ပဲ ကောင်းတယ်တဲ့ ^_^
သြော်... နောက်တစ်ခုက သိပ် Fluffy မဖြစ်ဘူး။ အဲ့ဒါကို ဘယ်လိုပြောရမလဲ... နည်းနည်းကျစ်တယ်။ ဘာလိုတာလဲ မသိဘူး။ Baking soda လိုတာလား... ကန်ဒီသုံးတဲ့ ဂျုံကြောင့်ပဲလားတော့ မသိဘူး။ စားလို့တော့ ရပါတယ် :D
ကန်ဒီ့အတွက် မုန့်လုပ်နည်းရေးပေးတဲ့ မမမိုးငွေ့ကို ကျေးဇူးတင်ပါတယ် :)
3 comments:
Good Job!!!
Ma Ma Iora
ဂျုံကြမ်းသုံးလို့ Baking Powder ပွအားမနိုင်တော့လို့ဖြစ်နိုင်တယ် သမီး...။ မမပေးတဲ့နည်းကိုလိုက်စမ်းလုပ်ကြည့်လို့ ကျေးဇူးတင်ပါတယ်..။ ဒီပို့စ်ကိုကြည့်ခြင်းအားဖြင့် ကန်ဒီဟာ ဥာဏ်ကောင်းတယ် စိတ်ဝင်စားမှုရှိတယ် ကြိုးစားအားထုတ်မှုကောင်းတယ်ဆိုတာ အထင်းသားမြင်နိုင်တယ်...။ တခါမှမလုပ်ဖူးပေမယ့် မုန့်ကမပျက်သွားဘူး...။ You are wonderful girl I have ever seen...:)
မိုးငွေ့
ကျေးဇူးတင်ပါတယ် မမမိုးငွေ့ရေ...
Post a Comment