Sunday, December 11, 2016

I am Back!!

အားလုံးပဲ မင်္ဂလာရှိတဲ့ တနင်္ဂနွေနေ့လေးပါနော်...
ကန်ဒီရန်ကုန်ကို နှစ်ပတ်ပြန်သွားတာနဲ့ စာမရေးဖြစ်တာပါ။ မပြန်ခင်လည်း အလုပ်တွေရှုပ်နေတာနဲ့ မသွားခင် နှုတ်တောင်မဆက်လိုက်ရဘူး။ အလုပ်က Annual Dinner and Dance က လည်း ရှိလိုက်သေးတယ်။ ဘာဝတ်ရမလဲ မသိတာနဲ့ ရှိတဲ့မြန်မာအကျီလေးပဲ ၀တ်သွားလိုက်တယ်။ အစကတော့ ဒီနှစ် D & D ကိုမသွားတော့ဘူးပေါ့။ ရန်ကုန်ပြန်မယ့်ရက်နဲ့ ကပ်နေတော့လေ။ အလုပ်ကလူတွေ အတင်းသွားခိုင်းလို့ သွားရတာ။ နှစ်တိုင်းလိုလို အဆိုအကတွေနဲ့ ပျော်ဖို့တော့ ကောင်းပါတယ်။  








ဘုန်းကြီးကျောင်းမှာ မြန်မာစာသင်တန်းက ကျောင်း(၃)လပိတ်ထားတယ်ဆိုပေမယ့် ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာ တစ်လသင်တန်းက ရှိပြန်ရော။ မြန်မာစာသင်တန်းက တစ်ပတ်ကို တနင်္ဂနွေတစ်ရက်တည်းဆိုပေမယ့် ဗုဒ္ဓဘာသာသင်တန်းက တစ်ပတ်ကို(၆)ရက် စနေတစ်ရက်တည်းပိတ်တယ်။ ဘုန်းဘုန်းက တစ်ပတ်ကို နှစ်ရက်လောက်တော့ လာကူပေးပါ ဆရာမရယ်ဆိုတာနဲ့ ဗုဒ္ဓဟူးနဲ့သောကြာနေ့ဆို အလုပ်ပြီးရင် ဘုန်းကြီးကျောင်း သွားကူတယ်။ တမင်ကြားရက်ပဲ ကူပေးလိုက်တယ်။ ကြားရက်ဆို ကူမယ့်ဆရာမလည်း နည်းတယ်လေ။ အလုပ် Boon Lay ကနေ ဘုန်းကြီးကျောင်း Topayoh ဆို တစ်နာရီကျော်လောက် သွားရတယ်။




ညနေ(၆)နာရီကနေ ည(၈)နာရီအထိပေါ့။ အလုပ်ကနေ ဘုန်းကြီးကျောင်းသွားရင်း လမ်းမှာအသီးလေးဘာလေး စားထားရတယ်။ ည(၈)နာရီခွဲ (၉)နာရီလောက် အိမ်ရောက်မှ ညစာစားရတော့လေ။ ဘုန်းကြီးကျောင်းမှာတော့ ကျွေးပါတယ်။ ကန်ဒီက စားလို့မရဘူးလေ။ ကိုယ်တစ်ယောက်တည်းအတွက်လည်း တကူးတက မလုပ်ပေးစေချင်ဘူး။ ရန်ကုန်မပြန်ခင်နဲ့ ပြန်လာပြီး အဲ့လိုတွေ အလုပ်ရှုပ်နေတာနဲ့ ဘလော့ဘက် မလှည့်နိုင်ဘူး။ မနေ့ကတော့ အလုပ်ကအပြန် အလုပ်က သူငယ်ချင်းနှစ်ယောက်နဲ့ Burger သွားစားတယ်။ သားသတ်လွတ် Burger...






စားလို့ အရမ်းကောင်းတယ်။ တခါတလေလည်း ကိုယ့်ကိုကိုယ် အဲ့လိုလေး Treat လုပ်ဦးမှ.. ပင်ပန်းတယ် ဟဟ။ သူငယ်ချင်းနှစ်ယောက်လုံးက အံသြနေကြတယ်။ အသားမပါ၊ ကြက်ဥမပါ၊ နို့မပါဘဲနဲ့ ဒီလောက်ကောင်းအောင် ဘယ်လိုများလုပ်ထားလဲ မသိဘူးဆိုပြီး။ တချို့သူငယ်ချင်းတွေက သားသတ်လွတ်ဘာဂါသွားစားမယ်ဆိုလို့ "I hate Vege" ဆိုပြီး မလိုက်ကြဘူးလေ။ လိုက်တဲ့နှစ်ယောက်က "They missed a chance. They are gonna regret it" တဲ့ xD xD

ဓာတ်ပုံတွေလည်း များသွားပြီ...
ဒီနေ့တော့ ဒီလောက်ပဲနော်....

5 comments:

coral nyo said...

ကန်ဒီလေးအတွက် Vegan Banana Cake တင်ထားပေးတယ်.. ဒီင်္မှာ Vegan Burger တွေ့လို့ လုပ်ကြည့်ဦင်္းမယ် အောင်မြင်ရင်လာပြောမယ် ညီမလေး... ရန်ကုန်ပို့စ်လေးလဲစောင့်နေမယ်

ငြိမ်းမိန်းကလေး said...

မြန်မာဝတ်စုံလေးနဲ့ အရမ်းလှတဲ့ ကန်ဒီလေး... ချစ်ထှာ...
boon lay က နေ တိုပါးရိုးထိ အလုပ်ကအပြန် စာသွားသင်ပေးတဲ့ စေတနာကိုတော့ တကယ့်ကို ချီးကျူးမိတယ်...

Candy said...

သွားဖတ်ဦးမယ် မမမိုးငွေ့ရေ...
ကျေးဇူးတင်ပါတယ်နော်...

coral nyo said...

ကန်ဒီရေ Baking soda နဲ့ powder ကမတူဘူး...။ ဆိုဒါက နှစ်ဆပိုပွတယ် သမီးလုပ်စားကြည့်မယ်ဆို အစ်မရေးထားတဲ့ အချိုးအစားတိုင်းမဟုတ်ဘဲ Baking Powder ကို 5g/ 1tsp ပဲထည့်ပြီးလုပ်ကြည့်ပါ..။

မိုးငွေ့း)

Candy said...

Hote ka' ^_^