ဒီနေ့တော့ ဒီလိုပိတ်ရက်မျိုးဆို တနေ့တာ ဘာတွေစားဖြစ်လဲ ပြောပြမယ်နော်။ မနက်အိပ်ယာထတော့ ပလာတာနဲ့စားဖို့ ပဲပြုတ်ကို ကြက်သွန်ဖြူနီဆီသတ်ပြီး ကြော်တယ်။ ကော်ဖီလျော့ထားတာဆိုတော့ ကော်ဖီမသောက်ဘဲ Matcha Greentea လေးနဲ့ ပဲပလာတာလေးနဲ့ မနက်စာစားတယ်။ Matcha Greentea က ရိုးရိုး Greentea နဲ့ယှဉ်ရင် Antioxidant အဆပေါင်းများစွာပါဝင်ပြီး ကျန်းမာရေးအတွက် သင့်တော်တယ်။ ကန်ဒီ့အလုပ်မှာရှိတဲ့ Retail Pharmacy က ၀ယ်ထားတာ။ သူတို့က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေနဲ့ အားဆေးတွေ အဓိကရောင်းတယ်။
မနက်စာ...
နေ့လည်စာအတွက်က ပြုတ်ထားပြီးသား အမေယူလာပေးတဲ့ ပဲကတ္တီပါကို ကြက်သွန်ဖြူနီဆီသတ်ပြီး ကြော်တယ်။ ပဲကတ္တီပါက စားရခဲတယ်။ အဓိက,က ပြုတ်ရမှာ ပျင်းလို့ ဟဟ။ အမေက Pressure Cooker လေးဝယ်တဲ့။ အရမ်းမြန်တယ်တဲ့။ ၀ယ်မလို့ဟာ ကိုယ့်စိတ်ကြိုက် Size မတွေ့သေးလို့။ အကြီးကြီးလည်း မ၀ယ်ချင်ဘူးလေ။ တစ်ယောက်တည်းအတွက် အကြီးကြီးလည်း မလိုအပ်ဘူး။ ကိုယ်ကလည်း ပဲပြုတ်တာလောက်ပဲ သုံးမှာဆိုတော့။ တစ်ခါအမေက ကန်ဒီ့အတွက်ဆိုပြီး Pressure Cooker ကြီး ရန်ကုန်ကနေ ထည့်ပေးလိုက်သေးတယ်။ အကြီးကြီးပဲ။ နောက် ညီမလေးက သူအမဲသားချက်ချင်လို့ ယူသွားမယ်ဆိုတာနဲ့ ယူသွားဆိုပြီး ပေးလိုက်တယ်။ ကန်ဒီသာ သားသတ်လွတ်စားတာ... ကန်ဒီ့မိသားစုက အစုံစားတယ်။ အမေ့ကို ကိုယ့်ဟာကိုယ် အသေးလေးပဲ ၀ယ်လိုက်မယ် ပြောထားတယ်။ မနေ့ကဟင်းတွေရှိနေသေးတော့ နေ့လည်စာအတွက် အဲ့ဒါပဲလုပ်တယ်။ မနေ့ကကြော်ထားတဲ့ ပဲပင်ပေါက်ကြော်နဲ့ ချက်ထားတဲ့ ရွှေဖရုံသီးဟင်းရှိတယ်။
နေ့လည်စာ...
ညစာမလုပ်ခင် ဗိုက်ကဆာလာတာနဲ့ လက်ကျန် Rice Milk လေးသောက်တယ်။ ပြောင်းဖူး ပြုတ်တယ်။ ပြောင်းဖူးပြုတ်စားတယ်။ ညစာအတွက်ကို (၇)နာရီကျော်လောက်မှ မုန်လာဥချဉ်ရည်ဟင်းချက်တယ်။
Snack..
ညစာ...
ညစာ ရွှေဖရုံသီးဟင်းနဲ့ မုန်လာဥချဉ်ရည်ဟင်း၊ ပဲပင်ပေါက်ကြော်နဲ့ ပဲကတ္တီပါကြော်ကို လက်စသတ်တယ်။ ကောင်းမှကောင်းပဲ။
Happy Holiday!!
3 comments:
You made me hungry.
mamaiora
I want to buy matcha green tea .may i know the address?
Mine one buy from Jurong Polyclinic Retail Pharmacy. I think you can buy from organic health shop. Sorry for the very late reply. hehehe :D
Post a Comment