Sunday, January 8, 2017

Bali: Kuta Beach and Uluwatu Temple

ခုမှပဲ Bali နောက်ဆုံးပိုစ့်လေး ရေးဖြစ်တော့တယ်။ Kuta ရောက်တော့ တကယ့်မြို့ကြီးပြကြီးကို ရောက်သွားသလိုပဲ... Shopping Center တွေ လူတွေနဲ့ ရှုတ်ရှက်ခတ်နေတယ်။ ကန်ဒီတို့တည်းတဲ့နေရာ (Home@36 Condotel) က Shopping Center အနောက်.. Beach ကို မျက်နှာစာပေးထားတာပေါ့နော်။ ပထမနှစ်ရက်တည်းတဲ့ Ubud က ဟိုတယ်နဲ့ တခြားစီပဲ။ အခန်းက အရမ်းကျဉ်းတယ်။ ပထမတစ်ရက်က Aircon မကောင်းလို့ လူခေါ်ရသေးတယ်။ 




Beach နဲ့ နီးနီးနေပေမယ့် ကမ်းခြေဘက် အဲ့လောက်ကြီး မသွားဖြစ်ဘူး။ တနေကုန်တခြားနေရာ လျှောက်လည်နေတာဆိုတော့ ဟိုတယ်ပြန်ရောက်ရင်ပဲ ညရောက်နေပြီ။ ဓာတ်ပုံရိုက်ဖို့ပဲ ကမ်းခြေဘက် ထွက်ဖြစ်တယ်။ ရေကလည်း မကူးတတ်ဘူးလေ ဟီးဟီး(xD)။ သူငယ်ချင်းတွေကတော့ အဲ့မှာရှိတဲ့ Beach Activities တွေ လုပ်ကြတယ်... လေထီးစီးတာတို့ ဘာတို့။ သူတို့အဲ့ဒါလုပ်နေတဲ့အချိန် ကန်ဒီက Spa သွားတယ်... Massage လုပ်တယ် အေးအေးဆေးဆေးပဲ xD



ရေက အဲ့လောက်လည်း မကြည်ဘူး။ Kuta လို လူများတဲ့ Beach မို့လို့ထင်တယ်။ နောက်တစ်ခါသွားရင် ရေပြာပြာလေးတွေရှိတဲ့ လူနည်းတဲ့ Beach သွားရမယ်။ Kuta နဲ့ယှဉ်ရင် ကန်ဒီတို့ စင်္ကာပူနဲ့နီးတဲ့ Bintan Beach က ရေကမှ ပိုပြာသေးတယ်။ အဲ့နေ့ပဲ ကန်ဒီတို့ Uluwatu Temple သွားတယ်။ အရမ်းသဘောကျတယ်။ ရှုခင်းအရမ်းလှတယ်။








ညစာကို Tour Guide ဦးလေးကြီးက Beach ပေါ်မှာ Candle လေးနဲ့ စားရတဲ့ဟာမျိုး စီစဉ်ပေးပေမယ့် သူတို့ကျွေးတဲ့ ဘာလီစတိုင်လ် သားသတ်လွတ်ကို (၄)ရက်လုံးလုံးစားပြီး လုံးဝမစားနိုင်တော့တာနဲ့ Beach ပေါ်မှာ တွန်းလှည်းလေးနဲ့ရောင်းတဲ့ ပြောင်းဖူးကင်ကို ထောပတ်မသုတ်ဘဲ ကင်ပေးဖို့ပြောပြီး ပြောင်းဖူးကင်နှစ်ဖူး၊ အုန်းသီးတစ်လုံးစားလိုက်တယ်။ အဲ့လိုလေးစားလိုက်မှ လူလည်းနေသာထိုင်သာရှိသွားတယ်။ နောက်နေ့ ကန်ဒီတို့ စင်္ကာပူပြန်ခဲ့ကြပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲရှင် :D

No comments: