တရုတ်နှစ်ကူး ပိတ်ရက် မတိုင်ခင် အလုပ်ကလူတွေနဲ့ China Town သွားကြတယ်။ ဒီလို နှစ်ကူးအချိန် တခါမှ China Town မသွားဖူးဘူး။ လူတွေအများကြီးပဲ.. ပွဲဈေးလိုမျိုး ဆိုင်တွေလည်း အများကြီး... တိုးကျိတ်ပြီး လျှောက်ကြည့်ကြတယ်။
အဲ့ဒီနားမှာ ဟိန္ဒူ ဘုရားကျောင်းတစ်ခုလည်း ရှိတယ်။ အဲ့ဒီဘုရားကျောင်းရှေ့မှာ Home Deco တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အရမ်းသဘောကျပေမယ့် ဘာမှမလိုအပ်သေးတာနဲ့ ဘာမှမ၀ယ်ဖြစ်ခဲ့ဘူး။ နောက်ဆို လိုအပ်တာရှိရင် အဲ့ဆိုင်မှာ သွားကြည့်ရမယ်။ စားပွဲခင်းတွေ၊ အလှခေါင်းအုံးစွပ်လေးတွေ၊ အိတ်တွေ ရောင်းတယ်။ ဈေးလည်း အရမ်းမကြီးဘူး။ သူကတရုတ်ဆိုင်မဟုတ်ဘူး။ သူ့ Theme က ဆင်တွေ... ကနုတ်တွေနဲ့.. ကန်ဒီကြိုက်တတ်တဲ့ စတိုင်လ်မျိုး... ပြမလို့ပါဆို ဖြစ်ချင်တော့ ဓာတ်ပုံမရိုက်ခဲ့ရဘူး။
ပိတ်ရက်မှာ ရန်ကုန်ပြန်တဲ့သူကပြန်... အင်ဒိုနီးရှားဘက်၊ မလေးရှားဘက် ခရီးတိုလေးတွေ ထွက်တဲ့သူကထွက်နဲ့ ကန်ဒီတစ်ယောက်ကတော့ စင်္ကာပူမှာ ဟင်းတွေချက် အစားတွေစားပြီး ပိတ်မိနေတယ်။ ဘယ်ရမလဲ... တနေရာရာတော့ သွားရမယ်ဆိုပြီး အိမ်နဲ့ (၅)မှတ်တိုင်လောက်ပဲ ဝေးတဲ့ Botanic Garden ကို သွားတယ် ဟဟဟ။ ဓာတ်ပုံရိုက်တယ်။ သစ်ပင်တွေ ကြည့်တယ်။
မိုးကလည်း ရွာလိုက်သေးတယ်။ ထီးကမပါ.. ကွင်းပြင်ကြီးမှာ ပြေးရတယ်။ ပိတ်ရက်မှာ အဲ့ဒီတစ်နေရာပဲ ရောက်တယ်။ ကျန်တဲ့ရက်တွေ အိမ်မှာပဲ ဟင်းချက်တယ်၊ မုန့်လုပ်တယ်၊ စားတယ်၊ အိပ်တယ်။ တခါတလေလေးရတဲ့ ပိတ်ရက်ကို ကောင်းကောင်းအနားယူတယ်။
Happy Chinese New Year!!
2 comments:
Beauty of orchids and candy.
ma ma iora
Thank you!!
Post a Comment