Monday, February 6, 2017

ရန်ကုန်

နိုဝင်ဘာလကုန်လောက်က ရန်ကုန်ပြန်ထားတာ ဓာတ်ပုံတွေ မတင်ရသေးဘူး။ မနက် 7:55 လေယာဉ်နဲ့ ရန်ကုန်သွားတာ ဟိုကို မြန်မာစံတော်ချိန်(၉)နာရီကျော်ကျော်လောက် ရောက်တယ်။ လေယာဉ်ကွင်းက အသစ်ကြီးဖြစ်သွားတော့ မိုက်တယ်ပေါ့။ Immigration ဖြတ်တာလည်း မြန်တယ်။ အထုတ်စောင့်တဲ့နေရာကျမှ အကြာကြီးစောင့်ရတယ်။ ကြားထဲ မီးကလည်း ပျက်သွားသေးတယ် ဟဟ။ မီးပျက်သွားတော့ ပိုဆိုး.. အထုတ်တွေ လည်တဲ့ဟာကြီးက မလည်တော့ဘူး။ ကန်ဒီ့ကို အဲ့လို ရန်ကုန်က ကြိုဆိုတယ်။


လေယာဉ်ပေါ်မှာ မနက်စာစားလာတာဆိုတော့ ဗိုက်ကမဆာဘူး။ နေ့လည်ကျတော့ အမေချက်ထားတဲ့ ရွှေဖရုံသီးဟင်း၊ အာလူးကြော်၊ ပဲပြုတ်၊ မုန်လာဥချဉ်ရည်ဟင်းနဲ့ စားတယ်။ ပြီးတော့ ခဏနားပြီး တဦးတည်းသော တူတော်မောင်ကို သွားကြည့်ရတယ်။ ခုဆို မြင်တဲ့အတိုင်း ၀တုတ်ပြဲလေး ဖြစ်နေပြီ။ 



♫♪ ၀ါဆိုပန်း မင်းလွင် ပုန်းညက် လွမ်းရက်လွန် ကြွေပြီမို့ သိမ်ရာသီ ၀ါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ... ♫♪ အိမ်မှာပွင့်တဲ့ ပုန်းညက်ပန်းတွေ... ရန်ကုန်မှာဆို မနက်နိုးရင် အမေပြင်ပေးတဲ့ ပဲပြုတ်နဲ့ ထမင်းစားတယ်။ မြန်မာမုန့်တွေစားတယ်။ အဖေခြံထဲ တံမြတ်စည်းလှဲရင် ၀င်လှဲတယ်။ ခွေးလေး မယ်တင်နဲ့ ဆော့တယ်။ (၈)နာရီ ဘုန်းကြီးဆွမ်းခံကြွရင် ဆွမ်းလောင်းတယ်။





တကယ်တော့ အဲ့လိုလေးပဲ နေချင်တာပါ။ ကိုယ့်မိသားစုနဲ့တူတူ အေးအေးဆေးဆေး။ အမေက ငရုတ်ကောင်းသွားခူးဆို သွားခူးပေးတယ်။ ရေဆေးပြီး အခြောက်လှန်းရတယ်။ ပြီးရင် ငရုတ်ကောင်းမှုန့်ရအောင် ထောင်းတယ်။ လတ်လတ်ဆတ်ဆတ် အိမ်မှာလုပ်တဲ့ ငရုတ်ကောင်း...




အမေချက်တဲ့ဟင်းတွေကတော့ စုံနေတာပဲ။ ရုံးပတီသီးဟင်း၊ မှိုဟင်း၊ ဟင်းပေါင်း၊ ပဲဟင်းရည်... ကောင်းမှကောင်း။ တနေ့တမျိုး မရိုးရဘူး။ တဦးတည်းသော ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်နဲ့ တွေ့တယ်။ ရန်ကုန်ပြန်ရင် သူ့ပဲတွေ့ဖြစ်တယ်။ အပေါင်းအသင်းက အဲ့လိုနည်းတာ။



ကိုယ့်မျက်ကပ်မှန်ကို ကိုယ့်ဟာကိုယ် ဘေစင်ထဲ မတော်တဆပစ်လိုက်မိတဲ့ အချိန်ကစပြီး ပဲများလို့ မရတော့ဘူး။ နေရာတကာသွား လေးလုံးဖြစ်သွားတယ်။ မျက်မှန်မတပ်ရင် လုံးဝမမြင်ရတဲ့သူဆိုတော့ မလှလည်း တပ်ရတာပဲ :(



ကန်ဒီ့အကဆရာမကလည်း ရန်ကုန်ရောက်နေတာနဲ့ သူနဲ့သွားတွေ့တယ်။ အာလူးဖုတ်တယ်။ ဒီနှစ်သင်္ကြန်ကမယ့် ကိစ္စတွေ တိုင်ပင်တယ်။ အဲ့လို တက်ကြွကြတာ.. မကချင်ရှာဘူးလေ ဟဟ။ ခုဆို ယိမ်းအတွက် အကျီတွေတောင် စချုပ်နေပြီ။ အက,က မတိုက်ရသေးဘူး xD

ရန်ကုန်မှာတော့ ဘာမှလုပ်စရာသိပ်မရှိပါဘူး။ အမျိုးတွေအိမ်လည်တယ်။ ဒီလောက်ပဲ။ ကန်ဒီပြန်တဲ့နှစ်ပတ်လောက်က ခရီးသွားတာနဲ့ ပြီးနေတာ။ ခရီးသွားပိုစ့်ကတော့ နောက်နေ့ပေါ့...

ဒီနေ့တော့ ဒီလောက်ပဲနော်...

4 comments:

coral nyo said...

ငရုတ်ကောင်းပင်လေးစိုက်ထားတာ သဘောကျလိုက်တာ...။ ဘာလိုလိုနဲ့ ကန်ဒီလေး သင်္ကြန်းယိမ်းကမယ့် ပုံတွေတောင် ထပ်တွေ့ရတော့မယ် တစ်နှစ်ကမြန်လိုက်တာနော်...။ ညီမလေးရဲ့ သားလေးက ၀ကစ်လေး ချစ်စရာကောင်းလိုက်တာ ပါးလေးနှစ်ဖက်ကို ညှစ်ပစ်လိုက်ချင်တယ်..။

Ma Tint said...

တူဝရီးနှစ်ယောက်ချစ်စရာ

Anonymous said...

သက်သတ်လွတ်ဟင်းလေးတွေချက်၇င်သတိ၇မိတယ်။
အိမ်လောက်ဇိမ်ကျတာမ၇ှိဘူးနော်
မမအိုင်အို၇ာ

Candy said...

ဟုတ်ပါ့ :D