အလုပ်တွေ ရှုပ်နေတာရော.. သင်္ကြန်အတွက် အကတိုက်နေရတာရောနဲ့ ဘလော့ဂ်ဘက်ကို မလှည့်နိုင်ဘူး ဖြစ်နေတယ်။ ဒီနှစ်အတွက် စင်္ကာပူမှာ ပထမဆုံးကျင်းပတဲ့ လုမ္ဗိနီ အေးရိပ်သာ မြန်မာသီလရှင်ကျောင်း သင်္ကြန်ပွဲမှာ သွားက,ဖြစ်တာနဲ့ တင်စရာ ပိုစ့်တစ်ပုဒ်ရသွားတယ် ဆိုပါတော့...
အခမ်းအနားအစီအစဉ်မှာ (၈)နာရီခွဲစမယ်ရေးထားပေမယ့် တကယ်တမ်းကျတော့ (၉)နာရီခွဲလောက်မှ ဖွင့်ဖြစ်ပါတယ်။ မြူမှောင်ဝေကင်းသီချင်းလေးနဲ့ ဖွင့်တယ်။ ရိုက်ဖြစ်တဲ့ ဗွီဒီယိုလေးလည်း နည်းနည်းပါးပါး Edit လုပ်ပြီး တင်ပေးလိုက်တယ်နော်။ မနှစ်က သင်္ကြန်မှာ က,ခဲ့တဲ့ ပန်းပေါင်းဝေဆာ သီချင်းလေး ပြန်က,တယ်။ ဒီနှစ်သင်္ကြန်မှာ ကမယ့်သီချင်းတွေက ကျင့်တုန်း... မညီသေးဘူး ဆိုတော့လေ ဟဟ xD
2 comments:
ဦးဓမ္မိတ် တင်တဲ့ သင်္ကြန်အက တိုက်တဲ့ ဗီဒီယိုမှာ သကြားလုံးလေးကို တွေ့တယ်...
ချစ်စရာကောင်းလိုက်တာ ကြည့်လို့ကို မ၀ဘူး...
အမျိုးသားကိုတောင် ဒီမှာ သကြားလုံးလေး သကြားလုံးလေးဆိုပြီးသွားပြလို့ အဆူခံရသေးတယ်..
အကတိုက်တဲ့အထဲ သကြားလုံးဆိုတာ လိုက်ရှာတာ မတွေ့လို့တဲ့လေ.. :P
ဟဟဟ... ခုလို အားပေးချီးကျူးလို့ ပျော်လိုက်တာ :D
Post a Comment