Saturday, March 4, 2017

Saying Bye

မင်္ဂလာညချမ်းပါရှင်...
တစ်ပတ်လုံး ဖတ်ဖတ်မောပြီး စာရေးမယ် ရေးမယ်နဲ့ မရေးနိုင်ဘူး။ တနင်္လာနေ့မှာ အလုပ်အဟောင်းကို ပြန်သွားရတယ်။ အင်္ဂါနေ့ကျတော့ Training အတွက် တခြား Branch ကို သွားရတယ်။ နောက်ရက်တွေကြတော့ ပင်ပန်းနေတာနဲ့ စာမရေးဖြစ်ဘူး။ ဟဟ... တစ်ပတ်ပဲ ရှိသေးတယ် Complain တက်တာတွေ စ,ကြားရပါပြီ။ နောက်လည်း ကြားရဦးမှာနော် မပူနဲ့ ဟီးဟီး။ အလုပ်ရှုပ် ပင်ပန်းပေမယ့် ကိုယ်ချစ်တဲ့နေရာကို ပြန်သွားရလို့တော့ ပျော်ပါတယ်။ ဒီမပြောင်းခင် အရင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမှတ်တရဓာတ်ပုံရိုက်ဖြစ်တယ်။ တချို့သူတွေဆို ကန်ဒီ ဒီအလုပ်စ,၀င်ကတည်းက တူတူဝင်ခဲ့တဲ့သူတွေ.. သူတို့နဲ့ ခွဲရတာ စိတ်မကောင်းပေမယ့် ကိုယ်ရွေးချယ်တဲ့လမ်းဆိုတော့လည်း...






ပြီးခဲ့တဲ့အပတ်က အမေတို့ ပြန်သွားပြီ။ မပြန်ခင် စနေနေ့ ညီမလေးအိမ်မှာ အမေလုပ်ကျွေးတဲ့ နေ့လည်စာအစုံသုပ်စားတယ်။ ပြီးတော့ ညစာကို Bugis က Idealite ဆိုတဲ့ သက်သတ်လွတ်ဆိုင်မှာ လိုက်ကျွေးတယ်။ အဖေရော အမေရော သဘောကျကြတယ်။ အဖေက သက်သတ်လွတ်ဆိုလို့ မကောင်းဘူး ထင်တာတဲ့။ စားလို့ကောင်းတယ်တဲ့။


အမေ့ အစုံသုပ်...




တနင်္ဂနွေ အမေတို့ကို လေဆိပ်လိုက်ပို့ပြီး ဘုန်းကြီးကျောင်းတန်းသွားတာ နည်းနည်းတောင် နောက်ကျသွားသေးတယ်။ ဒီအပတ် သင်္ကြန်အတွက် အကတွေ စ,တိုက်ပြီ။ မနက်ဖြန် (၁၂)နာရီအရောက် ဘုန်းကြီးကျောင်းသွားရမယ်။ အကဆရာမက သူ့ကိုလာကူဖို့ ခေါ်ထားတယ်။ တိုပါးရိုးသင်္ကြန်က ဧပြီ(၉)ရက်နေ့ ထင်တယ်။ နီးတော့ နီးနေပြီ။ မျက်စိနောက်ဖို့ အသင့်ပြင်ထားနော်.. သင်္ကြန်ပိုးကလည်း မနေနိုင်တော့ ဒီနှစ်လည်း က,မှာပဲ ဟဟ..

ဒီလောက်နဲ့ အိပ်ပြီ...

1 comment:

coral nyo said...

ကပါ ..ကပါ... သင်္ကြန်ဝတ်စုံလှလှလေးနဲ့ ပုံတွေကြည့်ဖို့စောင့်နေမယ်..း)