Sunday, April 16, 2017

တိုပါးရိုးသင်္ကြန် အမှတ်တရ (2017)

သင်္ကြန်ပိုးက မသေးတော့ ဒီတစ်လလုံး ပွဲတိုင်းလိုလိုက,နဲ့ ဒီဘက်မလှည့်နိုင်ဘူး။ ခုအားလုံးပြီးမှ ကိုယ့်ကျောင်းမှာ က,ဖြစ်တဲ့ ပိုစ့်လေး တင်ရမယ်။ အဲ့နေ့က မနက်အစောကြီး (၅)နာရီခွဲလောက်ထ ကိုယ့်ကိုကိုယ်အလှပြင်၊ ပြီးတာနဲ့ ဘုန်းကြီးကျောင်းစောစောသွား၊ အဖွဲ့ထဲက ဆံပင်မလုပ်တတ်တဲ့သူတချို့ကိုပါ ဆံပင်လုပ်ပေးတယ်။ ဒီပုံကို ကြည့်ဦး... တခါတလေလေး သူများလှလှလေးဖြစ်နေတဲ့ ပုံကျမှ အနောက်က ဟာသလာလုပ်နေတယ် ဟဟဟ။ သီချင်းဆိုတဲ့ အစ်ကိုကြီးတစ်ယောက်လေ.. လိုက်နောက်နေတာ။ သူ့အသံအရမ်းကောင်းတယ် အထင်တော့ မသေးနဲ့ xD


အဲ့ဒီ တကယ့်ပွဲနေ့မတိုင်ခင် ကန်ဒီတို့ Group Photo ရိုက်ဖြစ်ကြသေးတယ်။ ပညာဒါနက ဓာတ်ပုံဆရာတွေ ကူညီရိုက်ပေးတာပေါ့နော်။ ဓာတ်ပုံလေးတွေ လှလို့ များများတင်လိုက်ဦးမယ်။ အမှတ်တရဖြစ်တာပေါ့။ အရင်နှစ်ကဆို ပွဲပြီးမှ ကမန်းကတန်း ချွေးတွေသံတွေနဲ့ ရိုက်ရတော့ ဓာတ်ပုံလေးတွေထဲမှာ အဆီလေးတွေ ၀င်းလို့။ ဒီနှစ်တော့ အဲ့လိုမဖြစ်အောင်ဆိုပြီး တစ်ရက်သီးသန့်ရိုက်တယ်။ ဓာတ်ပုံရိုက်ပေးတဲ့ အစ်ကိုတွေ အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်။









တကယ့်ပွဲနေ့ဟာကို ဆက်ရရင် ပွဲကို(၈)နာရီခွဲစမယ်ဆိုပြီး မင်းသမီးတွေက မပြီးတာနဲ့ (၉)နာရီလောက်မှ စရတယ်လေ။ "မင်္ဂလာရှိသောသင်္ကြန်" နဲ့ "မြူမှောင်ဝေကင်း" သီချင်းကို အဲ့ဒီချိတ်လေးနဲ့ ကတယ်။




နောက်သီချင်းနှစ်ပုဒ်၊ "ရွေညီလာဦး" နဲ့ "ပက်မှာပဲ"က အကျီအ၀ါနဲ့... ရှေးသီချင်းလေးတွေ ဆရာမကိုယ်တိုင်ရွေးထားတာ... ကလို့အရမ်းကောင်းတယ်။ အရမ်းကြိုက်တယ်။



နောက်တစ်ပုဒ်က "သင်္ကြန်ဝိဥာဉ်"... အဲ့ဒီသီချင်းလေးကို ပိုဆန်းအောင်ဆိုပြီး အတွဲလေးတွေနဲ့ ကတာ။ ကန်ဒီက ခုနက ပြောင်ချော်ချော်လုပ်နေတဲ့ အစ်ကိုကြီးနဲ့ တွဲရတယ်လေ xD



ကျောင်းပင်တိုင်ယိမ်းဆိုတော့ ကန်ဒီတို့က,တာ (၅)ပုဒ်လောက်တော့ ရှိတယ်။ တော်သေးတယ်... ကန်ဒီတို့ချည်းက,နေလို့ ခဲနဲ့အထု မခံရတာ ဟဟဟ။ ကန်ဒီကင်မရာနဲ့ ရိုက်ဖြစ်ခဲ့တဲ့ သီချင်းတချို့ကို အားလုံးကြည့်ရအောင် Edit လုပ်ပေးထားတယ်။ 


ပျော်စရာနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်...

1 comment:

Anonymous said...

very nice photos, can capture the beauty
thanks to the cameraman
W