Sunday, April 30, 2017

Saturday Grocery & Cooking

မင်္ဂလာပါရှင့်..
ကန်ဒီ့ စနေ"Off Day"ရတဲ့ အပတ်နဲ့ တနင်္လာ"May Day"ပိတ်ရက်နဲ့ တိုက်သွားတော့ ဒီတပတ်ထူးထူးခြားခြားနဲ့ ရှားရှားပါးပါး (၃)ရက်ဆက်တိုက် နားရတယ်။ စာလုပ်စရာတွေရှိတာကို ဒီနေ့တနေကုန် ဈေးသွား ဟင်းချက်ပြီး အနားယူနေတာနဲ့ စာမလုပ်ဖြစ်ဘူး။ မနက်စာကို ထမင်းကြမ်းနဲ့ အာလူးကြော်လေးစားပြီး ဈေးထသွားတယ်။ ချက်စရာဘာမှ မရှိတော့လို့လေ...


သရက်သီးပေါ်ချိန်ဆိုတော့ သရက်သီးတွေ ဈေးပေါမှပေါ... ဈေးသွားတိုင်း သရက်သီးဝယ်ဖြစ်နေတယ်။ ပင်မှည့်လိမ္မော်လည်း ကြိုက်လို့ ၀ယ်ခဲ့တယ်။ ငှက်ပျောသီးကတော့ ကန်ဒီ့အတွက် မရှိမဖြစ်... ပဲပင်ပေါက်၊ ပဲပြား၊ ကန်ဇွန်းရွက်၊ မှို၊ ကြက်ဟင်းခါးသီး..  ဟင်း(၃)မျိုးစာလောက် ၀ယ်ခဲ့တယ်။ ကြက်ဟင်းခါးသီးကို တစ်ခါမှ မချက်ဖူးဘူး.. မချက်တတ်တာလည်းပါတယ်။ ဒီတခေါက်တော့ စမ်းချက်ကြည့်ဦးမယ်ဆိုပြီး ၀ယ်ခဲ့တာ.. ကျန်းမာရေးအတွက် ကောင်းတယ်လို့ အမေပြောဖူးတယ်။ အမေကတော့ ကြိုက်မှကြိုက်..


ဈေးကပြန်လာပြီး ခဏနား.. ပြီးတော့ နေ့လည်စာချက်တယ်။ ကန်ဇွန်းရွက်နဲ့မှိုကြော်တယ်.. ငရုတ်သီးစိမ်းလေးနဲ့.. အစပ်။ ပုန်းရည်ကြီးလုပ်တယ်။ ပဲနီလေးဟင်းရည်ချက်တယ်။ အလွယ်ဟင်းတွေချည်းပဲ ဟဟ။ စားလို့တော့ အရမ်းကောင်းတယ်။ လိုက်တယ်လေ။ နေ့လည်စာစားနေတုန်း ကြက်ဟင်းခါးသီးလေးကို ဆားနဲ့နယ်ထားတယ်။ အခါးထွက်အောင် ဆားနဲ့နယ်ပြီး ရေပြန်ဆေးရတယ်ဆိုလို့...


နေ့လည်စာစားပြီးမှ ဆားနဲ့နယ်ထားတဲ့ ကြက်ဟင်းခါးသီးကို ရေနဲ့ပြန်ဆေး.. ကြက်ဟင်းခါးသီးဟင်းချက်တယ်။ သားသတ်လွတ်ဆိုတော့ မြေပဲနဲ့ ချက်တယ်။ စားကောင်းတယ်။ ခါးတော့ ခါးသေးတယ်။ အမေချက်တာဆို အဲ့လောက်မခါးသလိုပဲ။ အမေ့ကို ဓာတ်ပုံရိုက်ပြီး ကြွားတော့ အမေက ဆားနဲ့နယ်ထားတဲ့ ကြက်ဟင်းခါးသီးကို ဆန်ဆေးရေနဲ့ ပြန်ဆေးပြီး ညှစ်ရတယ်တဲ့။

အဲ့ဒါလည်း ချက်ပြီးရော (၄)နာရီကျော်နေပြီ။ ကုတင်ပေါ်ခဏလှဲလိုက်တာ အိပ်ပျော်သွားတယ်။ နိုးလာတော့ (၇)နာရီထိုး.. ရေချိုးပြီး ထမင်းစားတယ်။ အဲ့ဒါပြီးတော့ ဖုန်းတလုံးနဲ့ ဟိုပွတ်ဒီပွတ်.. နောက်ဆုံးမှ ငုတ်တုတ်ထထိုင်ပြီး စာရေးနေတာ xD xD



ပြီးခဲ့တဲ့အပတ်တနင်္ဂနွေနေ့က ကျောင်းပြန်ဖွင့်တယ်လေ.. သမီးလေးဟန်နီက ရန်ကုန်အပြီးပြန်တော့မယ်တဲ့။ ဆရာမတွေကို လာနှုတ်ဆက် ကန်တော့တယ်။ ကန်ဒီစာစ,သင်တုန်းကဆို ဟန်နီလေးက ငယ်ငယ်လေး ပိစိလေးရှိသေးတယ်။ မျက်စိအောက်တင် ဒီလောက်ကြီးသွားပြီ ဟဟ။ ဆရာမလည်း ဘယ်တော့နှုတ်ဆက်ရမလဲ မသိဘူး။

အလုပ်မှာ "Medication Safety Star" ဆုရတုန်းက သူငယ်ချင်း ဖိလစ်ပင်းမလေး Andrea နဲ့ အမှတ်တရ.. ကန်ဒီနဲ့သူနဲ့က အလုပ်စ,၀င်ကတည်းက အတူတူ... ဒါပေမယ့် Pioneer Polyclinic ကို ပြောင်းမယ့်ထဲမှာ သူလည်းပါတယ်ဆိုတော့ မကြာခင် ခွဲရတော့မှာပေါ့။ Pharmacy Manager ကလည်း သူနဲ့ကန်ဒီနဲ့ကို တူတူထားမှာမဟုတ်ဘူးဆိုတာ သိတယ်။ နှစ်ယောက်လုံးက Clinical ပိုင်းကို ယူထားတော့ တစ်ယောက်က Jurong မှာဆို တစ်ယောက်က Pioneer မှာပဲ ဖြစ်မှာ... Trainer နှစ်ယောက်ကို သူတို့တွဲထားမှာ မဟုတ်ဘူး။


အလုပ်မှာ ဒီရက်ပိုင်းတွေ Stress အရမ်းများတယ်။ ကိုယ့်ကိုကိုယ်လည်း အားမရဘူး။ ပိတ်ရက်ပဲနီးလို့လား.. ကိုယ်တွေ Manpower ကပဲ အားနည်းနေလို့လား မသိဘူး... လူနာတွေကအရမ်းများပြီး Waiting Time ကို ကောင်းကောင်း Handle မလုပ်နိုင်ဘူး။ နောက် ကန်ဒီ တာဝန်ယူရတဲ့အပိုင်းတွေ များလာတယ်။ ပါလေရာ ငပိချက်ဖြစ်နေတယ်။ သူများတွေ (၁)ခု (၂)ခုလောက်ပဲ တာဝန်ယူရရင်.. ကန်ဒီ့မှာ တာဝန်ယူထားရတာ (၅)ခုလောက်ရှိတယ်.. Medication safety, Infection control, Home delivery, People development, Clinical OJT Training. အကုန်လုံးက Heavy တွေ ကြီးပဲ... ကိုယ့်ကိုယုံကြည်လို့ ပေးထားတာတွေကို ကန်ဒီ မညည်းပါဘူး။ ပိုလို့တောင် ဂုဏ်ယူသေးတယ်။ များလွန်းတော့ တစ်ခုလုပ်နေတုန်း တစ်ခုဘက်မှာ လစ်ဟင်းမှာပဲ ကြောက်တာ။ ခုဆိုလည်း Med Safety Project တစ်ခု စ,နေပြန်ပြီ။ ကြားထဲမှာ ကန်ဒီတက်နေတဲ့ Clinical course အတွက် စာလုပ်ရသေးတယ်။ ဇွန်လမှာ Case Presentation တစ်ခုလုပ်ရမှာ ခုထိ ဘာမှမစ,ရသေးဘူး။ ပြောချင်တာတွေ ပြောပြီးသွားတော့ နည်းနည်းပေါ့သွားပြီ။

အိပ်တော့မယ်..

No comments: