Monday, May 29, 2017

နွေနှောင်း

ခုပဲ စာလုပ်ပြီးတာနဲ့ ဖုန်တက်နေတဲ့ ကိုယ့်ဘလော့လေးဆီ စာသွားရေးလိုက်ပါဦးမယ်လေဆိုပြီး ရောက်လာတာ.. ဟဟ။ ကိုယ်သာတနေ့တခေါက်မလာဖြစ်တာ လာလည်တဲ့သူအနည်းစုတော့ ရှိသေးသား.. အခုခေတ်က ဖေ့ဘွတ်ခေတ်ဆိုတော့ ဘလော့ဆိုတာ အရမ်းခေတ်နောက်ကျသွားပြီ။ ကိုယ်ကလည်း ဘယ်လောက်အသစ်တွေပေါ်ပေါ် ဒီဘလော့လေးပဲ ခင်တွယ်တယ်။ ဒီမှာပဲ စာရေးလို့ကောင်းတုန်း။ ဖတ်မယ့်သူ မရှိလည်း ရေးချင် ရေးနေဦးမှာ..





ကန်ဒီ့အကဆရာမ စင်္ကာပူ ပြန်ရောက်နေတော့ သူ့ကိုညစာကျွေးရင်း မြို့ထဲရောက်ဖြစ်တုန်းလေး ရိုက်ထားတဲ့ပုံလေးတွေ.. အဲ့ဘက်တွေ မရောက်တာ ကြာလှပြီ။ အိမ်နဲ့အလုပ်၊ အလုပ်နဲ့အိမ်၊ ပိတ်ရက်ဆိုလည်း အိမ်နဲ့ ဘုန်းကြီးကျောင်း ဘုန်းကြီးကျောင်းနဲ့အိမ်နဲ့တင် ပြီးနေတာလေ။ 

ခုနက ဖေ့ဘွတ်အကြောင်းပြောရင်း ဆက်ရရင် ဒီနောက်ပိုင်း မြန်မာ Beauty Bloggers လေးတွေ ပေါ်လာတာ လှလိုက်ကြတာ... ချစ်စရာလေးတွေချည်းပဲ။ ကိုယ်လည်း သူတို့ကို Follow ထားတယ်.. သူတို့ Page တွေ Like ထားတယ်။ ချစ်လို့လေ။ အဲ.. သူတို့ပြောတာ လုပ်တာတွေ ကြည့်ပြီးလည်း ကိုယ့်ကိုကိုယ်ပြန်သုံးသပ်မိတယ်။ ငါတော်တော်ပျင်းတာပဲလို့။ အသားအရေကိုလည်း သေချာဂရုမစိုက်.. ကိုယ်လုပ်ချင်တာလုပ်နေတာ။ သူများတွေ မျက်နှာသစ်ပြီးရင် Toner, Serum, Moisturizer စသဖြင့် အဆင့်ဆင့်လိမ်းပြီး အသားအရေကို ထိန်းသိမ်းကြတာ.. SKII တို့ ဘာတို့လို Branded တွေလည်း သုံးကြတယ်။ ကန်ဒီများ ညဖက်မျက်နှာသစ်ပြီးရင် Organic Rose hip oil အဆီတစ်မျိုးပဲလိမ်းတယ်။ အဲ့ဒီအဆီက စင်္ကာပူဒေါ်လာ(၈)ဒေါ်လာပဲ ပေးရတယ်။ အဲ့ဒါပြီး ပြီးသွားရော.. ပျင်းတာပြောပါတယ်။

မိတ်ကပ်ဆိုလည်း ကိုယ့်မှာ Foundation တောင်မရှိဘူး။ Tinted moisturizer လေးပဲ ရှိတယ်။ အဲ့ဒါလေးပဲ လိမ်းဖြစ်တယ်။ သင်္ကြန်က,တုန်းကတောင် Foundation make up မရှိလို့လေ Tinted moisturizer လေးနဲ့ပဲ ပြင်သွားရတယ်။ အလှအပမကြိုက်တာလည်း မဟုတ်ဘူး။ လှချင်တာမှ လှချင်ရဲ့စက်စက်ယို...  နေ့စဉ်အလုပ်သွားတာမျိုးကျတော့ Foundation make up လို ထူထူကြီးတွေလည်း မလိုပါဘူးလေဆိုပြီး မ၀ယ်ဖြစ်တာ။ ကန်ဒီသုံးဖြစ်တဲ့ Cruelty free မျက်နှာသစ်ဆေးတို့၊ Shampoo တို့နဲ့ တခြား Try ဖြစ်တဲ့ မိတ်ကပ်ပစ္စည်းလေးတွေ အကြောင်းကို Review ပိုစ့်လေး အားရင်ရေးပေးဖို့တော့ စိတ်ကူးရှိတယ်။ ကန်ဒီ့အသုံးအဆောင်ပစ္စည်းတွေအားလုံးကို တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကပဲ ၀ယ်ပါတယ်။


အလုပ်မှာ မေလမှာမွေးတဲ့ မွေးနေ့ရှင်တွေအတွက် စုပြီး Birthday လုပ်ပေးတာ။ ကန်ဒီကိတ်မုန့်မစားမှန်းသိလို့ ကန်ဒီ့အတွက် အသီးသက်သက်ဝယ်ပေးတယ်။ အခုဆို Ramadhan လ ရောက်ပြီ.. မလေးတွေ ဥပုသ်ဝင်တဲ့လပေါ့။ မနက်နေထွက်ချိန်ကစပြီး နေ၀င်တဲ့အချိန်အထိ သူတို့အစာမစားကြဘူး။ ရေတောင် မသောက်ရဘူး။ အလုပ်က မလေးမလေးက Ramadhan လ အထိမ်းအမှတ်ဆိုပြီး ကန်ဒီ့ကိုပေးတဲ့ လက်ဆောင်လေး။


မနေ့က ဟင်းချက်ရင်း ဗူးသီးလှီးလိုက်တာ ကိုယ့်လက်သန်းကိုယ် လှီးမိသွားလို့ သွေးတွေမှ အများကြီးပဲ။ အခုတောင် နည်းနည်းလေးရောင်နေသေးတယ်။ ကိုယ့်ကိုကိုယ်လှီးမိမိချင်း ရုတ်တရက်အတွေးက ၀င်မိသေး.. သြော် ငါ့မှာ လက်သန်းလေးဓားနဲ့လှီးမိတာ.. Antiseptic တွေတို့ ပလာစတာတွေကပ်နဲ့ ကိုယ့်အသားကျ နာတတ်လိုက်တာလို့.. ကိုယ်စားဖို့သုံးဖို့ သူတပါးအသားနာခဲ့ရတာ သူတပါးအသက်ရင်းခဲ့ရတာတွေကျ ငါဘာလို့ ဟိုးအရင်ကတည်းက မတွေးခဲ့မိပါလိမ့်လို့...

အိမ်မက်လှလှမက်ကြပါစေရှင်..

4 comments:

coral nyo said...

ဘယ်သူလာဖတ်ဖတ် မဖတ်ဖတ် မမမိုးငွေ့ကတော့ နေ့တိုင်း ကန်ဒီအသစ်တင်မတင်ကြည့်ဖြစ်တယ်..။ ကိုယ်တွေကဘ၀တူလေ ဖဘထက် ဘလော့ကို ခင်တွယ်သူတွေ...း)

Candy said...

ချစ်သွားပြီ..

လူကလေး said...

facebook မှာက အမှိုက်တွေ များတယ်
ဘလော့ လေးပဲကောင်းပါတယ်

Candy said...

ကျေးဇူးတင်ပါတယ်ရှင့်...