Sunday, July 2, 2017

ထောပတ်သီး ရေခဲမုန့်

မင်္ဂလာညချမ်းပါရှင့်..
ခုဒီမှာ ည(၁၀)နာရီကျော်နေပြီ။ မနက်အလုပ်သွားရမှာဆိုတော့ ခဏနေအိပ်ရတော့မယ်။ မအိပ်ခင်လေး အချိန်လေးလုပြီး ပိုစ့်မတင်တာလည်း ကြာပြီဆိုတော့ လွယ်လွယ်ကူကူ ထောပတ်သီးရေခဲမုန့်လုပ်နည်းလေးပဲ တင်လိုက်တော့မယ်နော်.. (အဆင်သင့်ရှိတဲ့ဗွီဒီယိုလေးနဲ့ လူလည်ကျတာလေ xD)

လိုအပ်တာတွေကတော့ ခဲထားတဲ့ငှက်ပျောသီး၊ ထောပတ်သီး၊ Soy Milk or Rice Milk or Oat Milk.. ကန်ဒီကတော့ Rice Milk or Oat Milk ကို ပိုကြိုက်တယ်။ ဒါပဲလိုတာ.. လွယ်မှလွယ် မြန်မှမြန်။ ကန်ဒီ့လို အဒွန့်တက်ပြီး ထပ်ထည့်ချင်သေးတယ်ဆို တခြားဟာတွေထပ်ထည့်လို့ ရသေးတယ်။ ကန်ဒီကတော့ Barley Grass Juice Powder နဲ့ Flax seed ထည့်ထားတယ်။ အဲ့ဒါတွေကတော့ Super food တွေပေါ့။ ကျန်းမာရေးအတွက် သင့်တော်တဲ့အရာတွေ.. Health food store တွေမှာ ၀ယ်လို့ရတယ်။ Barley Grass Juice Powder ဆိုတာ အစိမ်းရောင်လေး.. အရသာကို မရေးပြတတ်ဘူး.. Earth-y ဖြစ်တယ် ပြောရမလား။ စိမ်းစိုနေတဲ့သစ်တောကြီးထဲ ၀င်သွားရသလို သဘာဝဆန်ဆန်အရသာမျိုး.. ဟဟ.. မရှင်းပြတတ်ဘူး(-.-)။ အဲ့ဒါလေးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ပေးတယ်။ ဆဲလ်တွေကို အသစ်ပြန်ဖြစ်အောင် လှုံ့ဆော်ပေးတယ်။ Antioxidant တွေလည်း အများကြီးပါတယ်။ Flax seed မှာတော့ Omega 3 တွေ၊ Fiber တွေ အများကြီးပါတယ်။ Cholesterol ကျစေတယ်။ 


အားလုံးကိုရောပြီး Blender နဲ့ မွှေလိုက်ရုံပဲ။ ခဲထားတဲ့ငှက်ပျောသီးမဟုတ်ဘဲ ရိုးရိုးငှက်ပျောသီးထည့်ရင်တော့ Smoothie ပေါ့။ ကန်ဒီ့ YouTube နဲ့ Blog ကို နောက်ပိုင်း တဖြည်းဖြည်းတွဲပေးဖို့ စဉ်းစားထားတယ်။ ကန်ဒီကလည်း YouTube မှာ တင်သမျှ ဘလော့ခ်မှ တင်ချင်မှ တင်တာကိုး။ အဲ့တော့ YouTube က လူတွေက ကန်ဒီ့မှာ Blog ရှိမှန်း မသိကြသလို Blog လာလည်တဲ့လူတွေကလည်း ကန်ဒီ YouTube မှာ ဗွီဒီယိုတွေ လုပ်လေ့ရှိတာ မသိကြဘူး။ နှစ်ခြမ်းကွဲနေတယ်။

စာရေးတာရော.. ဗွီဒီယိုလုပ်တာရော နှစ်ခုလုံးက ကိုယ့်စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ လုပ်တာဆိုတော့ Followers တွေ Subscribers တွေ များအောင်လုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘူး။ စိတ်ပါရင် အားရင် စာရေးတယ်.. ဗွီဒီယိုလုပ်တယ်ပေါ့။ ကန်ဒီ့ Personal Facebook မှာလည်း ဒါတွေကို ဘယ်တော့မှ မရှယ်ခဲ့ဘူး။ အဲ.. တကယ်တမ်း စဉ်းစားကြည့်ရင် သုံးခြမ်းကွဲတာပဲ။ Facebook က ကန်ဒီ့ဆွေမျိုး မိတ်ဆွေအရင်းအချာတွေကလည်း ကန်ဒီ့ Blog နဲ့ YouTube ကို မသိကြဘူး ဟဟ။ Facebook နဲ့တော့ တွဲပေးဖို့ အစီအစဉ်လုံးဝမရှိဘူး။ လူမသိ သူမသိ တိတ်တိတ်လေးပဲ စာရေးချင်တယ် ဟဟ xD

ကဲ.. ည(၁၁)နာရီလည်းထိုးပြီဆိုတော့ အိပ်ပြီ..
တာ့တာ

2 comments:

coral nyo said...

ဟိုတလောက Vegan တွေအတွက် ရေခဲမုန့်လုပ်နည်းတွေဖတ်မိတော့ Candy ကိုသတိရသေးတယ် လုပ်နည်းလေးတင်ပေးမယ်ဆိုပြီး လူက လုံးချာလိုက်နေလို့ အစားအသောက်ဘက်ကိုလုပ်ဖို့ အချိန်မရသေးဘူးဖြစ်နေတယ်.. လုပ်ဖြစ်ရင် တင်ပေးမယ် တခြားစားစရာတွေရောပေါ့နော် သမီး..။

မိုးငွေ့

Candy said...

ကျေးဇူးတင်ပါတယ်.. မမမိုးငွေ့ရေ...