Monday, August 28, 2017

ခရမ်းချဉ်သီးချက်

မင်္ဂလာပါရှင့်..
ဒီနေ့တင်ပေးမယ့် ဟင်းလေးကတော့ သက်သတ်လွတ် ခရမ်းချဉ်သီးချက်လေးပါ။ သခွားသီး၊ နံနံပင်၊ ပူစီနံ စတဲ့ အတို့အမြှပ်တွေနဲ့ တွဲစားလို့ အရမ်းကောင်းပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်က လုပ်ထားတဲ့ ဗွီဒီယိုလေးဆိုတော့ ဓာတ်ပုံကိုဘယ်လိုမှ ရှာမတွေ့တော့လို့ ဓာတ်ပုံမပါတော့တာ စိတ်မရှိပါနဲ့နော်..

ချက်နည်းလေးကတော့ ခရမ်းချဉ်သီးမှည့်မှည့်ကို အရင်ပြုတ်ထားပါ။ ပြီးရင်တော့ အခွံနွှာပြီး ကတ်ကြေးလေးနဲ့ ညှပ်ထားပါ။ အသင့်လှီးထားတဲ့ ကြက်သွန်ဖြူ၊ နီကို နနွင်းနဲ့ အရောင်အတွက် ငရုတ်သီးနည်းနည်းထည့်ပြီး ဆီသတ်ပါတယ်။ ပြီးရင်တော့ ပြုတ်ထားတဲ့ခရမ်းချဉ်သီးထည့်၊ အရသာအတွက် ဆား၊ ဟင်းရွက်မှုန့်နဲ့ လိုအပ်ရင် ပဲငံပြာရည် ထည့်လို့ရပါတယ်။ အရည်ခမ်းသွားတဲ့အထိ ချက်ပါ။ အရည်ခမ်းပြီး အနှစ်လေးရပြီဆိုမှ ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်ပြီး အသင့်စားလို့ရပါပြီရှင် :)


ပြီးခဲ့တဲ့ပိုစ့်မှာ ကန်ဒီပြောခဲ့တဲ့ Vegan Facebook Page လေး အကောင်အထည်ဖော် ဖြစ်သွားပါတယ်။ လုပ်ပါလို့ အားပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။ "My Vegan Corner" လို့ နာမည်ပေးထားပါတယ်။ သက်သတ်လွတ်စားဖို့ စိတ်ဝင်စားတဲ့သူတွေအတွက်ပါ။

မင်္ဂလာညချမ်းပါရှင် Zzz..

Wednesday, August 23, 2017

Accent

ခုပဲ အိမ်ကိစ္စတွေပြီးလို့ စာရေးချင်တဲ့စိတ်လေး ရှိနေတာနဲ့ ကွန်ပျူတာဖွင့်လိုက်တာ။ အဲကွန်းက ရေကျလို့လေ.. အဲကွန်းဆေးတဲ့သူခေါ်.. Gas နည်းလို့တဲ့ Gas ဖြည့်လိုက်တယ်။ အတွင်း၊ အပြင်ဆေးတာရော Gas ဖြည့်တာရော အားလုံး SGD 200 လောက်ကျတယ်။ အိမ်ကအစ်မတွေကိုတော့ ပြောထားတယ်။ ရှယ်နိုင်သလောက် ရှယ်ပါ။ ကျန်တာ ကန်ဒီပေးမယ်လို့.. ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာဆိုတော့လေ။ ဖြစ်ချင်တော့ ပိုက်ဆံက အဲ့လောက်များများ ထုတ်မထားဘူး။ အားလုံးပြီးတော့ အဲ့လူတွေကားနဲ့ MRT က ATM ရှိတဲ့ဆီလိုက်သွားပြီး ပိုက်ဆံထုတ်ပေး။ သူတို့က သဘောကောင်းတော့ ကိုယ့်ကိုအိမ်ပြန်လိုက်ပို့ပေးသေးတယ်။

မြန်မာပြည်က အိမ်ခြံမြေကုမ္ပဏီတွေက အခုစင်္ကာပူကိုလာပြီး အိမ်၊ခြံ၊မြေ အရောင်းပြခန်းဆိုပြီး တိုက်ခန်းတွေ အရစ်ကျစနစ်နဲ့ ရောင်းနေတယ်လေ။ ကန်ဒီတောင် စနေတစ်ရက်သွားပြီး စပ်စုလိုက်သေးတယ်။ ခြံတွေဘာတွေများ ပါမလားလို့ သွားကြည့်တာ။ သူတို့ကအဓိက တိုက်ခန်းတွေကို ရောင်းတာပေါ့။ ကိုယ်ဝယ်နိုင်လောက်တဲ့ တိုက်ခန်းလေးကို ကြည့်လိုက်တော့ ၁၂ ပေ၊ ပေ ၅၀ ဆိုလားပဲ။ ကျဉ်းကျဉ်းလေးရယ်။ အဲ့ဒါနဲ့ တော်ပြီ တော်ပြီ ဆိုပြီး ပြန်လာခဲ့တယ်။ နေရာတွေကတော့ အချက်အချာကျတဲ့ နေရာတွေပါပဲ။ တိုက်ခန်းထက် နေရာကြောင့် အဓိက ဈေးကြီးတာပေါ့။ အမေ့ကို ပြောပြတော့ အမေက ခြံလေး ၀န်းလေးနဲ့ နေပါ သမီးရယ်တဲ့။ ကိုယ်ကလည်း ခြံနဲ့ ၀န်းနဲ့ နေရတာ ကြိုက်တဲ့သူပါ။ ဒါပေမယ့် လောလောဆယ် ကိုယ်ဝယ်နိုင်တဲ့ ခြံတွေက မြို့ပြင်ရောက်နေတယ် ဟဟ xD



အဲ့ကအပြန် Burger သွားစားတယ်။ ကန်ဒီစားနေကြဆိုင်ပဲ.. Clarke Quay က Nom Nom.. စင်္ကာပူမှာနေတဲ့သူတွေဆို လမ်းကြုံရင် သွားစားကြည့်နော်.. Shopping Mall အောက်ထပ်မှာ.. သက်သတ်လွတ်လို့ မထင်ရအောင်ကို ကောင်းတယ်။ သက်သတ်လွတ်ဆိုလို့ ကန်ဒီအားလုံးနဲ့ တိုင်ပင်စရာတစ်ခုရှိတယ်။ တွေးနေတာလေးပေါ့နော်။ ကန်ဒီ Facebook မှာ Vegan Page လေး တစ်ခုလုပ်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်။ အဓိကရည်ရွယ်ချက်က ကန်ဒီသိသမျှ ဗဟုသုတတွေ မျှဝေချင်တာပေါ့နော်။ သက်သတ်လွတ်စားပြီး ဘယ်လိုကျန်းမာအောင် နေနိုင်တယ်။ ဘယ်လိုဟင်းလေးတွေ ချက်စားလို့ရတယ်ဆိုတာမျိုးလေးတွေပေါ့။ ကန်ဒီ ဟိုတလောက ဒီဘလော့ဂ်မှာ တင်တဲ့ပိုစ့်လိုမျိုး "Why I don't drink Milk?" ဆိုတာမျိုးပေါ့။ ကန်ဒီချက်စားဖြစ်တဲ့ ဟင်းလေးတွေရှယ်မယ်။ သက်သတ်လွတ်စားဖို့ ကြိုးစားနေတဲ့သူတွေအတွက် အထောက်အကူဖြစ်မယ့်အရာလေးတွေ မျှဝေချင်တယ်။ ဒီဘလော့ဂ်နဲ့တော့ Link မလုပ်ဘူး။ ဆိုလိုတာက ကန်ဒီ့ဘလော့ဂ်ပိုစ့်ကို ဟိုမှာရှယ်တာမျိုး မလုပ်ပဲ.. သက်သတ်လွတ်နဲ့ ပက်သက်တာမျိုးဆို ဒီမှာလည်းတင် ဟိုမှာလည်းတင်ပေါ့။ Page မှာကျ ဘလော့ဂ်မှာလို Personal မဟုတ်ဘဲ Vegan Message ကို အဓိကပေးချင်တာပေါ့။ ကိုယ့်ကိုကြည့်ပြီး ကန်ဒီ့လို Vegan မဖြစ်သွားရင်တောင် သူတို့ဟင်းတနပ်မှာ အသားမပါရင်ပဲ ကန်ဒီကျေနပ်ပြီလေ။


ပြီးခဲ့တဲ့ စနေက ကန်ဒီ့ Off Day.. အားနေတာနဲ့ ဖုန်အလှိမ့်လှိမ့်တက်နေတဲ့ ကန်ဒီ့ပုံဆွဲစာအုပ်ကိုထုတ်.. ဖုန်သုတ်.. မထိတာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ စုတ်တံနဲ့ ဆေးတွေပြန်ရှာ.. တနေကုန် ပန်းချီထိုင်ဆွဲတယ်လေ။ ဆွဲလိုက်တိုင်း ဘာလို့နှင်းဆီပန်းပဲ ဖြစ်နေလဲဆိုတာတော့ ကန်ဒီလည်း အဖြေရှာမရဘူး ဟဟဟ xD



ပြီးခဲ့တဲ့ရက်က မြန်မာပြည်က သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ Status လေး ဖတ်ပြီး စိတ်ထဲခုလုခုလု ဖြစ်နေတာနဲ့ ရေးချချင်လို့။ သူတင်ထားတဲ့အကြောင်းအရာက သူကြုံတွေ့ရတဲ့ စင်္ကာပူ၊ မလေးရှားကနေ ပြန်လာတဲ့ မြန်မာပြည် ပြည်တော်ပြန်တွေရဲ့ English က ဘယ်လောက်နားထောင်လို့ အဆင်မပြေလဲဆိုတာကို ဟာသလေးနှောသလိုလိုနဲ့ ပြောရမယ်ဆို ပုတ်ခတ်ထားတာလေးပါ။ 

ကန်ဒီပြောပြချင်တာက လူဆိုတဲ့အမျိုးဟာ ပတ်ဝန်းကျင်နေရာဒေသ ကြီးပြင်းရာကိုလိုက်ပြီး Adapt ဖြစ်အောင် နေတတ်ပါတယ်။ အတင်းကြီးလုပ်ယူတာမဟုတ်ဘဲ ပတ်ဝန်းကျင်ကပဲ လူကိုပြောင်းလဲစေတာပါ။ ကန်ဒီစင်္ကာပူရောက်နေတာ (၇)နှစ်ရှိပြီပေါ့။ ဒီအချိန်အတောအတွင်းမှာ ဒီပတ်ဝန်းကျင်က ကန်ဒီ့ကို ကိုယ်တိုင်တောင်မသိလိုက်ပါပဲနဲ့ ပြောင်းလဲသွားစေခဲ့တဲ့အရာတွေ အများကြီးပါ။ ကန်ဒီ့ English Accent ဆိုရင်လည်း Singlish ဘက်ကို နွယ်တဲ့ Accent မျိုးဖြစ်နေပြီ။ ဒါက ကိုယ်တိုင်မလုပ်ပါပဲ သူ့ဟာသူပြောင်းလဲသွားတဲ့ အရာ.. ကန်ဒီတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ဒီမှာနေတဲ့ တခြားမြန်မာတွေလည်း ဒီ Singlish ဘက်ကို နွယ်တဲ့ Accent ရောပါတယ်။ ဖြစ်နိုင်ရင်တော့ ကန်ဒီလည်း ကန်ဒီအရမ်းချစ်တဲ့ British Accent လေး လိုချင်တာပေါ့။ ဒါပေမယ့် ကိုယ်နေနေတာက London မှ မဟုတ်တာ.. နော့ 

အဲ့လိုပဲ ကန်ဒီတခါမှ တရုတ်စာသင်တန်း မတက်ဖူးပါဘူး။ ဒီအလုပ်စ,မလုပ်ခင်အထိလည်း တခါမှ တရုတ်လိုမပြောဖူးဘူး။ အလုပ်စလုပ်တဲ့အချိန်မှာ ကိုယ်လုပ်တဲ့အလုပ်က ဆေးပေးရတဲ့အလုပ် လူနာတွေနဲ့ တချိန်လုံးစကားပြောနေရတာဆိုတော့ တရုတ်လိုတော့ ပြောတတ်မှ ဖြစ်မယ်ဆိုပြီး အလုပ်မှာပဲ တခြား Singaporean တွေဆီက တရုတ်လိုပြောတာ စလေ့လာတယ်။ သူတို့ပြောတာ နားထောင်တယ်။ မသိတာကို မေးတယ်။ ခုဆို ဆေးနဲ့ပက်သက်ရင် ကန်ဒီတရုတ်လို တော်တော်များများပြောတတ်နေပြီ။ အင်္ဂလိပ်လို မပြောတတ်တဲ့ တရုတ်အန်တီကြီးတွေကို ကန်ဒီကောင်းကောင်းဆေးပေးနိုင်တယ်။ ဒါကလည်း ဒီပတ်ဝန်းကျင်အတွက် ကန်ဒီကိုယ့်ကိုကိုယ် ပြုပြင်ယူခဲ့တာ။

တချို့သူတွေဆို မြန်မာစကားပြောရင်းနဲ့ အင်္ဂလိပ်လို ညှပ်ညှပ်ပြောမိတာမျိုးတွေ ရှိတယ်။ ဒါကို တချို့မြန်မာပြည်မှာနေတဲ့သူတွေက နားမလည်ဘဲ ဘိုလိုမှုတ်ချင်တယ်ဆိုပြီး အထင်လွဲတတ်ကြတယ်။ အမှန်က အကျင့်ပါနေကြတာ... ဦးနှောက်က ဒီလိုတွေးလာတာ ကြာတဲ့အခါ ပါးစပ်ကလည်း အဲ့လိုထွက်ထွက်သွားတာ။ ဒါတွေကို မြန်မာပြည်မှာနေတဲ့ ဒီသူငယ်ချင်းကို နားလည်စေချင်တယ်။ ကန်ဒီကတော့ ဒါတွေကို လှောင်ရီပုတ်ခတ်စရာလို့ မမြင်ပါဘူး...

ည(၁၁)နာရီကျော်ပြီ..
အိပ်တော့မယ်နော်...

Wednesday, August 16, 2017

ပဲပင်ပေါက်ကြော် + မန်ကျည်းသီးချဉ်

မင်္ဂလာပါရှင့်..
ဒီနေ့တော့ ကန်ဒီနဲ့တူတူ ဟင်းချက်ရအောင်လို့ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ် ^_^

ပဲပင်ပေါက်ပဲပြားကြော်နဲ့ ထမင်းနည်းနည်းကို ဆလတ်ရွတ်လေးထဲထည့် မန်ကျည်းသီးချဉ်လေးဆမ်းပြီး ပလုတ်ပလောင်းစားရတာ ကန်ဒီအကြိုက်ဆုံးပေါ့။ တခြားဘာဟင်းမှမပါဘဲ အဲ့ဒီဟင်းတမျိုးထဲနဲ့လည်း ထမင်းစားကောင်းပါတယ်။ 


ပဲပင်ပေါက်ပဲပြားကြော်ထဲမှာ အရောင်အတွက် မုန်လာဥနီနဲ့ အနံ့အတွက် တရုတ်နံနံထည့်ပါတယ်။ မန်ကျည်းသီးချဉ်လုပ်နည်းကတော့ ခရမ်းချဉ်သီးကို အရင်ပြုတ်တယ်။ ပြီးတော့ အခွံဖယ်၊ ကတ်ကြေးလေးနဲ့ညှပ်ပြီး မီးဖိုပေါ်ပြန်တင်တယ်။ နည်းနည်းဆူလာရင် မန်ကျည်းရည်ထည့်တယ်။ သကြား၊ ဆား၊ ဟင်းရွက်မှုန့် လိုသလိုထည့်တယ်။ ပဲငံပြာရည်အကြည်လည်း ထည့်လို့ရတယ်။ ပြီးရင်တော့ မီးဖိုပေါ်က ပြန်ချပြီး အအေးခံ၊ မပူတော့ဘူးဆို ကြက်သွန်ဖြူ ထောင်းထားတာလေးထည့်၊ ငရုတ်သီးစိမ်းလေး ညှပ်ထည့်၊ နံနံပင်လေးအုပ်ပြီးရင်တော့ မန်ကျည်းသီးချဉ်ရပြီပေါ့။ လွယ်တယ်မလား? ဒါဆို တူတူချက်ကြရအောင် ဗွီဒီယိုလေး ဖွင့်ကြည့်နော် :)


တခြားကန်ဒီချက်နေကြ ကိုယ်ကြိုက်တတ်တဲ့ဟင်းလေးတွေကိုလည်း အချိန်ရရင် ရသလိုတင်ဖို့ စိတ်ကူးရှိပါတယ်။ ဘလော့ဂ်မှာမတင်ရသေးတဲ့ ဗွီဒီယိုအဟောင်းလေးတွေလည်းရှိလို့ နောက်ရက်တွေအားရင် တင်ပေးပါဦးမယ်နော်...

အားလုံးကျန်းမာရွှင်လန်းပါစေ..
(စာမေးပွဲပြီးပြီးချင်း Happy Mood ဖြင့် ရေးသည် :D)

Wednesday, August 9, 2017

Recent Buys

အရင်ဆုံး... စာမရေးဖြစ်တာတောင် နေ့တိုင်းလာလာလည်နေတဲ့ အစ်ကို၊ အစ်မ၊ ညီမလေး၊ မောင်လေးများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင့်။ ဒီနေ့က စင်္ကာပူမှာ National Day ပိတ်ရက်ဆိုတော့ အနားရတယ်လေ။ မနက်စောစောမထပဲ အိပ်ပစ်လိုက်တယ်။ နိုးတော့ (၉)နာရီထိုးနေပြီ။ ဟိုလှိမ့် ဒီလှိမ့်နဲ့ တကယ်ထတော့ (၁၀)နာရီ.. နေ့လည်နားကပ်နေပြီဆိုတော့ မနက်စာကို အထူးတလည်မလုပ်တော့ပဲ သင်္ဘောသီးကို တခြမ်းခွဲ သံပရာသီးလေးညှစ်ပြီး မနက်စာစားတယ်။


မနက်ဆို နိုးတာနဲ့ ဘုရားပန်းအိုးလဲ၊ သောက်တော်ရေလဲ၊ ကန်ဒီ့အပင်လေးတွေ ကြည့်၊ ရေလောင်းသင့်ရင် ရေလောင်း၊ မနက်စာပြင်... ဒါ ကန်ဒီ့ပိတ်ရက် မနက်ခင်း Routine ပေါ့။ ကန်ဒီ့စံပယ်လေး နောက်တစ်ငုံဖူးနေတာ ခုထိမပွင့်သေးလို့ စောင့်နေတယ်။ 


ပြီးခဲ့တဲ့လက ပွင့်ထားတဲ့ စံပယ်လေးတွေ.. 

မနက်စာစားပြီးတော့ နေ့လည်စာ စ,ချက်တယ်။ ဒီနေ့ ခရမ်းသီးနှပ်တယ်၊ ပဲပင်ပေါက်ကြော်တယ်၊ ငှက်ပျောဖူးကြော်တယ်။ ခရမ်းသီးနှပ်နဲ့ ပဲပင်ပေါက်ကြော်ကတော့ နောက်နေ့ထမင်းဗူးထည့်ဖို့ရောဆိုတော့ များများချက်ထားတယ်။ ခရမ်းသီးနှပ်က အနှစ်များသွားလို့ ခရမ်းသီးတောင် မမြင်ရတော့ဘူး ဟဟ။ နယ်စားလို့ ကောင်းတယ်။ သက်သတ်လွတ်ခရမ်းသီးနှပ်ရင် ပုဇွန်ခြောက်မှုန့်နေရာမှာ မြေပဲထည့်ချက်ကြည့်... ပိုကောင်းတယ်။ အထူးဧည့်သည်တော်ကလည်း လာတယ်လေ။ ကိုယ်ဟင်းချက်မှာ အကြားအမြင်ရပြီး ဘယ်လိုသိသွားလဲ မသိပါဘူး။ သူ့မှတ်ချက်က စားလို့တော်တော်ကောင်းတယ်တဲ့။ နှစ်ပန်းကန်စားတယ်။ နောက်ဆိုလည်း ဒီလိုကောင်းကောင်းလေးတွေ ချက်ကျွေးမယ်နော် ဆိုပြီး ဖားရတယ်။


လူတော်တော်များများ စိတ်ဝင်စားတဲ့မေးခွန်းက သူကရော သက်သတ်လွတ်သမားလားတဲ့။ အဖြေကတော့ မဟုတ်ပါဘူး။ ကန်ဒီနဲ့ သွားတယ် စားတယ်ဆိုရင်တော့ သူကန်ဒီ့လိုပဲ သက်သတ်လွတ်လိုက်စားတယ်။ သူ့အလုပ်မှာ အပြင်မှာ ကန်ဒီမပါရင်တော့ သူအဆင်ပြေသလို သူ့စိတ်ကြိုက်စားတယ်။ သူနဲ့ ကန်ဒီချစ်သူမဖြစ်ခင်ကတည်း ကန်ဒီက သက်သတ်လွတ်သမားဆိုတော့ ကန်ဒီသက်သတ်လွတ်စားတာနဲ့ ပက်သက်ပြီး သူဘာမှမပြောပါဘူး။ ကန်ဒီ့အနေနဲ့ကလည်း ကန်ဒီဘာလို့ အသားမစားတာလဲ.. ဆိုတဲ့ အကြောင်းရင်းနဲ့ အသားမစားလည်း ကိုယ်လိုအပ်တဲ့ Vitamin တွေ Protein တွေ ဘယ်လိုရနိုင်တယ်ဆိုတာကို သူ့ကိုသေချာပြောပြထားပြီး ဖြစ်တဲ့အတွက် သူဘယ်တော့မှ ကန်ဒီ့ကိုအသားစားပါလို့ ပြောမှာမဟုတ်ဘူး။ သူ့ကိုလည်း ကန်ဒီ့လို သက်သတ်လွတ်လိုက်စားပါလို့ ကန်ဒီမပြောဘူး။ တခုပဲ ကန်ဒီသူ့ကိုပြောထားတာက တချိန်ချိန် ကန်ဒီတို့ လက်ထပ်ဖြစ်ခဲ့ရင် သူ့ကို ဘယ်တော့မှ အသားဟင်းချက်ကျွေးမှာ မဟုတ်ဘူးဆိုတာပဲ။ ဒါကို သူလည်း သဘောတူလက်ခံထားတယ်။

ပြောရမယ်ဆို ကန်ဒီကံကောင်းလို့ သူ့လိုလူကို တွေ့တာပါ။ တွေးကြည့်ရင် ဘယ်ယောက်ျားလေးမျိုးက ဒီလိုမိန်းကလေးမျိုးကို ချစ်သူအဖြစ်ရွေးချယ်ပြီး လက်ထက်ချင်မလဲ.. ဟုတ်တယ်မလား ဟဟ။ သူ့ကိုလည်း ချီးကျူးပါတယ်။ ကန်ဒီ့လို သက်သတ်လွတ်လိုက်စားနိုင်လို့လေ။ အသားစားနေကြလူက အသားမပါဘဲ ထမင်းတနပ်စားဖို့ဆိုတာ ဘယ်လွယ်မလဲ...

Eat Fruit.. Not Friends

ကဲ.. ဒီရက်ပိုင်း ၀ယ်ဖြစ်တဲ့ပစ္စည်းလေးတွေ ပြောပြမယ်နော်။ ကန်ဒီက Shopping တွေ ခဏခဏထွက်ပြီး မလိုတဲ့ပစ္စည်းတွေ ၀ယ်တတ်တဲ့အကျင့်မရှိဘူး။ ကန်ဒီလိုအပ်တာရှိမှ Shopping ထွက်တတ်တယ်။ ဆိုတော့ ပြောရမယ်ဆို ကန်ဒီအကျီတွေ ဘာတွေမ၀ယ်တာ နှစ်နှစ်လောက်ရှိပြီ ဟဟ.. အဲ့ဒါကြောင့် အမေဆိုပြောတယ်။ ဟိုတခေါက်ပြန်လာတုန်းကလည်း ဒီအကျီပဲ.. ခုလည်း ဒီအကျီပဲတဲ့ xD

Online က ၀ယ်ဖြစ်တာလေးတွေပါ။ Book Depository က စာအုပ်ဝယ်ဖြစ်တယ်။ သူက Free shipping internationally ဆိုတော့ အဆင်ပြေတယ်။ စာအုပ်တွေကလည်း ဈေးအရမ်းမကြီးဘူး။ ဒါ ကန်ဒီ ဒုတိယတခေါက် အဲ့ဒီ Website က ၀ယ်ဖြစ်တာပေါ့။ Oil Pulling Therapy ဆိုတဲ့ စာအုပ်လေး.. ဒါ ကန်ဒီ ခုစိတ်ဝင်စားနေတဲ့ Topic တစ်ခု။ မနက်အိပ်ယာထတာနဲ့ ဘာမှမစားခင် မသောက်ခင်အချိန်မှာ ဆီနဲ့မိနစ်(၂၀)လောက် ပလုတ်ကျင်းတာ သွားကျန်းမာရေးအပါအ၀င် ခန္ဓာကိုယ်ကအဆိပ်အတောက်တွေလည်း ဖယ်ရှားပေးတယ်တဲ့။ အဲ့ဒီအကြောင်းကို ပိုဖတ်ချင်လို့ Oil Pulling Therapy ဆိုတဲ့ စာအုပ်လေး ၀ယ်ဖြစ်တာ။ Online မှာသဘာဝနည်းနဲ့ သွားဖြူစေတဲ့နည်းလမ်းတွေ ရှာရင်းနဲ့  အဲ့ Topic ဆီ ရောက်သွားတာ။ ကန်ဒီကိုယ်တိုင်လည်း Try ကြည့်နေတယ်။ ကန်ဒီက Coconut Oil သုံးတယ်။ မနက်ဆို တခြားအလုပ်တွေမလုပ်ခင် ပါးစပ်ထဲ အုန်းဆီတစ်ဇွန်း ထည့်ထားလိုက်တယ်။ လုပ်စရာရှိတာတွေလုပ်နေရင်း ပါးစပ်ထဲမှာ ပလုတ်ကျင်းနေရင် မိနစ်(၂၀)ဆိုတာ ခဏလေးရယ်။ ပြီးရင် Basin ထဲ ထွေးမထုတ်ရဘူး။ အုန်းဆီက ရေပိုက်ပိတ်တတ်လို့လေ။ အမှိုက်တောင်းထဲ ထွေးထုတ်၊ ပြီးရင် ဆားရေနွေးလေးနဲ့ ပလုတ်ကျင်း၊ အဲ့ဒါပြီးရင်တော့ ပုံမှန်သွားတိုက်လို့ရပြီ။

မိနစ်(၂၀)ထားရတဲ့ အကြောင်းရင်းက အဆိပ်အတောက် Bacteria တွေ ဆီထဲပျော်ဝင်ဖို့က အဲ့လောက်ကြာလို့... မိနစ်(၂၀)ထက်လည်း ပိုမထားရဘူး။ ပိုထားရင် အဲ့မကောင်းတာတွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားနိုင်တယ်။ နေ့တိုင်းလုပ်ရမှာ မလုပ်ဖြစ်ဘူး။ အိပ်ယာထနောက်ကျရင် မလုပ်ဖြစ်တော့ဘူး။ ကန်ဒီစ,စချင်း (၁၀)ရက်လောက် ဆက်တိုက်လုပ်ကြည့်တုန်းကတော့ သွားဖြူတာထက် သွားတိုက်နေတုန်း သွားသွေးထွက်တတ်တာ တော်တော်လျော့သွားတာ သတိထားမိတယ်။ စာအုပ်ဖတ်ပြီးမှပဲ ဒီထက်ပိုသိလာရင် ထပ်ပြောပြမယ်နော်။ စိတ်ဝင်စားရင်လည်း အဲ့စာအုပ်လေး ကန်ဒီ့လို ၀ယ်ဖတ်ကြည့်ပါ။


ဟင်းချက်နည်းစာအုပ်လေးကတော့ ဘာရယ်မဟုတ်ဘူး။ ဈေးချနေတာနဲ့လည်း ကြုံလို့ Thai Vegan Food တွေလည်း စိတ်ဝင်စားတာနဲ့ ၀ယ်ဖြစ်သွားတာ။ နည်းနည်းလှန်ကြည့်တော့ တစ်ခုမကောင်းတာက Photo တစ်ခုမှ မပါဘူး။ ချက်နည်းကို စာတွေနဲ့ချည်း ရေးထားတယ်။ Recipes Book ဆိုတာ ပုံလေးဘာလေးလည်း ပါမှ သရေကျပြီး လုပ်ကြည့်ချင်တာလေ.. ဟုတ်တယ်ဟုတ်။

ဒါက အရင်တခေါက် Book Depository က ၀ယ်ဖြစ်တဲ့ စာအုပ်နှစ်အုပ်..


ဒါကတော့ iHerb စင်္ကာပူက ၀ယ်ဖြစ်တာလေးတွေ။ အဲ့ဒီ Website ကို ကြိုက်ပေမယ့်လို့ Shipping ပို့ခ ဈေးကြီးလို့ မ၀ယ်ဖြစ်ဘူး။ ဒီတခေါက်သူတို့မှာ SGD 56 အထက်ဝယ်ရင် Free Delivery ဆိုတဲ့ Offer ရှိနေတာနဲ့ အတော်ပဲဆိုပြီး ၀ယ်ဖြစ်သွားတာ။ ကန်ဒီမျက်နှာလိမ်းတဲ့ Rose hip oil က ကုန်တော့မှာဆိုတော့ အသစ်တစ်ဗူး ထပ်ဝယ်တယ်။ သောက်နေတဲ့ Vitamin B12 ကလည်း ကုန်တော့မယ်ဆိုတော့ ထပ်ဝယ်တယ်။ ငုံဆေးပြားပုံစံနဲ့ လျှာအောက်ဖျန်းတဲ့ Spray ပုံစံ နှစ်မျိုး ၀ယ်ထားတယ်။ ကိုယ်က ဆေးဆို အသေကြောက်လေ၊ ဆေးလို ရေနဲ့သောက်ရမယ်ဆို မသောက်ချင်တော့ ကိုယ့်ဟာကိုယ် သောက်ချင်စိတ်ရှိအောင် ငုံဆေးပြားလေးတွေ၊ Spray လေးတွေ ၀ယ်ရတယ်။ Hair Leave in Treatment လည်း စမ်းသုံးကြည့်ရအောင် ၀ယ်ဖြစ်တယ်။ အရမ်းကြီး မကြိုက်ပါဘူး။ ကန်ဒီအခုသုံးနေတဲ့ Argan Oil ကတောင် ပိုကောင်းသေးတယ်။ Nutritional Yeast ကတော့ စမ်းစားကြည့်ရအောင် ၀ယ်တာ။ သူက Cheese လိုပဲ.. Vitamin B12 အဓိကပါတဲ့ Superfood ပေါ့။ မြန်မာပါးစပ်နဲ့တည့်အောင် ဘယ်လိုချက်ရမလဲ စဉ်းစားလိုက်ဦးမယ်။ သူက သက်သတ်လွတ်သမားတွေအတွက် Pasta တွေဘာတွေမှာ Cheese အစားထိုး ထည့်ရတာပေါ့နော်။ ကိုယ်က Pasta လည်း မကြိုက်တော့ ဘာလုပ်စားရမလဲ မသိဘူး။ Pizza လုပ်စားရင် ကောင်းမလားမသိဘူး...

Good Night နော်..