မင်္ဂလာပါရှင့်..
ဒီနေ့တော့ ကန်ဒီနဲ့တူတူ ဟင်းချက်ရအောင်လို့ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ် ^_^
ပဲပင်ပေါက်ပဲပြားကြော်နဲ့ ထမင်းနည်းနည်းကို ဆလတ်ရွတ်လေးထဲထည့် မန်ကျည်းသီးချဉ်လေးဆမ်းပြီး ပလုတ်ပလောင်းစားရတာ ကန်ဒီအကြိုက်ဆုံးပေါ့။ တခြားဘာဟင်းမှမပါဘဲ အဲ့ဒီဟင်းတမျိုးထဲနဲ့လည်း ထမင်းစားကောင်းပါတယ်။
ပဲပင်ပေါက်ပဲပြားကြော်ထဲမှာ အရောင်အတွက် မုန်လာဥနီနဲ့ အနံ့အတွက် တရုတ်နံနံထည့်ပါတယ်။ မန်ကျည်းသီးချဉ်လုပ်နည်းကတော့ ခရမ်းချဉ်သီးကို အရင်ပြုတ်တယ်။ ပြီးတော့ အခွံဖယ်၊ ကတ်ကြေးလေးနဲ့ညှပ်ပြီး မီးဖိုပေါ်ပြန်တင်တယ်။ နည်းနည်းဆူလာရင် မန်ကျည်းရည်ထည့်တယ်။ သကြား၊ ဆား၊ ဟင်းရွက်မှုန့် လိုသလိုထည့်တယ်။ ပဲငံပြာရည်အကြည်လည်း ထည့်လို့ရတယ်။ ပြီးရင်တော့ မီးဖိုပေါ်က ပြန်ချပြီး အအေးခံ၊ မပူတော့ဘူးဆို ကြက်သွန်ဖြူ ထောင်းထားတာလေးထည့်၊ ငရုတ်သီးစိမ်းလေး ညှပ်ထည့်၊ နံနံပင်လေးအုပ်ပြီးရင်တော့ မန်ကျည်းသီးချဉ်ရပြီပေါ့။ လွယ်တယ်မလား? ဒါဆို တူတူချက်ကြရအောင် ဗွီဒီယိုလေး ဖွင့်ကြည့်နော် :)
တခြားကန်ဒီချက်နေကြ ကိုယ်ကြိုက်တတ်တဲ့ဟင်းလေးတွေကိုလည်း အချိန်ရရင် ရသလိုတင်ဖို့ စိတ်ကူးရှိပါတယ်။ ဘလော့ဂ်မှာမတင်ရသေးတဲ့ ဗွီဒီယိုအဟောင်းလေးတွေလည်းရှိလို့ နောက်ရက်တွေအားရင် တင်ပေးပါဦးမယ်နော်...
အားလုံးကျန်းမာရွှင်လန်းပါစေ..
(စာမေးပွဲပြီးပြီးချင်း Happy Mood ဖြင့် ရေးသည် :D)
အားလုံးကျန်းမာရွှင်လန်းပါစေ..
(စာမေးပွဲပြီးပြီးချင်း Happy Mood ဖြင့် ရေးသည် :D)
2 comments:
အရေးအသားလေးကိုကြည့်တာနဲ့ စိတ်ကြည်ပြီး ပျော်နေမှန်းသိတယ်..။ အစ်မလဲ ကန်ဒီလေးအတွက် Vegan မုန့်လုပ်နည်းတွေ ဟင်းချက်နည်းတွေပေးမယ်ဆိုပြီး ပုံပြောပေါင်းများနေပြီ..။ မကြာမှီလာမည်မျှော်ပေါ့နော်...။ ဗီဒီယိုဖိုင်တင်နည်းလေးပါ သင်ဦးမှပါ။ တတ်ချင်တာတွေက သိပ်များနေ လူကအချိန်မရ အဲလိုတွေ..း) အမယ် သမီးကဟင်းချက်နေတာ တော်တော်ကို ပရိုကျနေပြီသိလား..။ ပဲပြားအစာသွပ်လည်း လုပ်စားကြည့်လေ..။ ပဲပြားအပျော့ ပေါင်းလေးလုပ်ဖြစ်ရင်နည်းပေးမယ် ..။ BTW I like all your kitchen ware..:)
မိုးငွေ့
ဟီးဟီး... ပရိုမကျပါဘူး မမမိုးငွေ့ရေ... အမေမရှိတဲ့နေရာမှာ နေတော့လည်း ကိုယ့်ဟာကိုယ်စားကောင်းအောင် လုပ်စားကြည့်ရင်း လုပ်စားကြည့်ရင်းနဲ့ မဆိုသလောက်လေး နည်းနည်းတတ်လာတာပါ ဟဟဟ xD
Post a Comment