Monday, August 28, 2017

ခရမ်းချဉ်သီးချက်

မင်္ဂလာပါရှင့်..
ဒီနေ့တင်ပေးမယ့် ဟင်းလေးကတော့ သက်သတ်လွတ် ခရမ်းချဉ်သီးချက်လေးပါ။ သခွားသီး၊ နံနံပင်၊ ပူစီနံ စတဲ့ အတို့အမြှပ်တွေနဲ့ တွဲစားလို့ အရမ်းကောင်းပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်က လုပ်ထားတဲ့ ဗွီဒီယိုလေးဆိုတော့ ဓာတ်ပုံကိုဘယ်လိုမှ ရှာမတွေ့တော့လို့ ဓာတ်ပုံမပါတော့တာ စိတ်မရှိပါနဲ့နော်..

ချက်နည်းလေးကတော့ ခရမ်းချဉ်သီးမှည့်မှည့်ကို အရင်ပြုတ်ထားပါ။ ပြီးရင်တော့ အခွံနွှာပြီး ကတ်ကြေးလေးနဲ့ ညှပ်ထားပါ။ အသင့်လှီးထားတဲ့ ကြက်သွန်ဖြူ၊ နီကို နနွင်းနဲ့ အရောင်အတွက် ငရုတ်သီးနည်းနည်းထည့်ပြီး ဆီသတ်ပါတယ်။ ပြီးရင်တော့ ပြုတ်ထားတဲ့ခရမ်းချဉ်သီးထည့်၊ အရသာအတွက် ဆား၊ ဟင်းရွက်မှုန့်နဲ့ လိုအပ်ရင် ပဲငံပြာရည် ထည့်လို့ရပါတယ်။ အရည်ခမ်းသွားတဲ့အထိ ချက်ပါ။ အရည်ခမ်းပြီး အနှစ်လေးရပြီဆိုမှ ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်ပြီး အသင့်စားလို့ရပါပြီရှင် :)


ပြီးခဲ့တဲ့ပိုစ့်မှာ ကန်ဒီပြောခဲ့တဲ့ Vegan Facebook Page လေး အကောင်အထည်ဖော် ဖြစ်သွားပါတယ်။ လုပ်ပါလို့ အားပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။ "My Vegan Corner" လို့ နာမည်ပေးထားပါတယ်။ သက်သတ်လွတ်စားဖို့ စိတ်ဝင်စားတဲ့သူတွေအတွက်ပါ။

မင်္ဂလာညချမ်းပါရှင် Zzz..

No comments: