Thursday, September 7, 2017

Toward >> Healthy Mind

ဒီနေ့ပိုစ့်လေးကတော့ ဘာရယ်မဟုတ် ကန်ဒီ့အတွေးလေးသက်သက်ပါ။ ကိုယ့်ကိုကိုယ် သတိပေးတဲ့ပိုစ့်လေးလည်း ဟုတ်သလို စာဖတ်သူတွေအတွက်လည်း ဖတ်ပြီးရင် တစ်ခုခုရသွားစေဖို့ ရည်ရွယ်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရရင် ကန်ဒီဆိုတာ အရာရာကို အမြဲ Perfect ဖြစ်ချင်တဲ့သူပါ။ အကောင်းဆုံးတွေမှ လိုချင်သလို ကိုယ် Plan ထားတာတွေကိုလည်း Plan ထားတဲ့အတိုင်း ဖြစ်မှကျေနပ်တတ်ပါတယ်။ ဥပမာအားဖြင့် ချိန်းထားပြီးမှ ဖျက်တဲ့လူမျိုး၊ အချိန်မတိကျတဲ့လူမျိုးဆို ကန်ဒီမကြိုက်ပါဘူး။

အဲ့လိုစိတ်ရှိတဲ့ လူတိုင်းလိုလိုဟာ ကိုယ်ရည်ရွယ်ထားတာတွေ မဖြစ်တာမျိုး၊ ဒါမှမဟုတ် မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါမျိုးမှာ စိတ်ဖိစီးမှုအရမ်းများတတ်ပါတယ်။ ဒါတော်တော်ကြီး မကောင်းတဲ့အကျင့်တစ်ခုပါ။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတောင် စိတ်ဖိစီးမှုများနေတတ်တာမျိုးလေ။

ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိဖို့ ဖြစ်လာတဲ့ အကြောင်းရင်းက ဒီလိုပါ။ ပြီးခဲ့တဲ့ အပတ်လောက်က ကန်ဒီတို့ Aircon ရေကျလို့ servicing လုပ်တယ်လို့ ပြောပါရောလား။ Compressor cleaning ရော Gas top up ရောနဲ့ SGD 200 ပေးရတယ်လို့တောင် ပြောသေးတယ်လေ။ အဲ့ဒါလည်း ပြီးရော ဇာတ်လမ်းကစတော့တာပဲ။ (၃)ရက်လောက်နေတော့ အဲကွန်းကြီး နှစ်လုံးလုံး P2 ဆိုပြီး Error ပြပြီး ပိတ်သွားပါလေရော။ Main switch ကို ပိတ်ပြီး နာရီပိုင်းလောက်နေလို့ ပြန်ဖွင့်မှ ပြန်ရတယ်။ နောက်(၃)ရက်လောက်နေရင် တစ်ခါ ဖြစ်ပြန်ရော။ အဲ့ဒါနဲ့ Servicing လုပ်သွားတဲ့ Company ကို ပြန်ခေါ် ကြည့်ခိုင်းတော့.. သူတို့လည်း သေချာမသိဘူး။ Gas လည်း ရှိတယ်။ ပုံမှန်ပဲလို့ ပြောတယ်။ 

မကျေနပ်လို့ နောက် Company တစ်ခုကို ခေါ်ပြီး Troubleshooting လုပ်ခိုင်းတော့ Gas လုံးဝမရှိဘူး Gas leakage လို့ ပြောတယ်။ SGD 40 ပေးလိုက်ရတယ်။ ဘယ်နား Leakage ဖြစ်လဲရှာရင် SGD 300 လောက်ကျမယ်။ ပြီးရင် ဖြစ်တဲ့အပိုင်းကို ပြင်ရမယ်လို့ ပြောတယ်။ အဲ့ဒါနဲ့ အိမ် Agent ကို အီးမေးလ်ပို့ရတော့တာပေါ့။ အဲကွန်းကတော့ ဒီလိုဒီလိုပဲပေါ့။ သူက ဒီ Aircon ကို Install လုပ်သွားတဲ့ Company ကို ခေါ်ပေးမယ်ပြောတယ်။ 

ဒုတိယ Company က လူတွေက Gas မရှိဘူး ပြောသွားတော့ ကိုယ်တွေလည်း မဖွင့်ရဲဘူးလေ။ နောက် (၂)ရက်လောက်နေ စမ်းဖွင့်ကြည့်တော့ ကောင်းနေပြန်ရော။ အေးလည်း အေးတယ် ဆိုတော့ Gas မရှိတာ မဖြစ်နိုင်ဘူးပေါ့။  အိမ်ကအစ်မတွေက အရင် Company ပြန်ခေါ်ဆိုတော့ ပြန်ခေါ်ပြန်ရော.. သူတို့တိုင်းတော့ Gas က ရှိတယ်။ Compressor system issue လို့ ပြောတယ်။ ခုတော့ Agent က လွှတ်ပေးမယ့် Technician ကို စောင့်နေတယ်ပေါ့။ စနေနေ့လာမယ်ပြောတယ်။

ကန်ဒီက ဒီအိမ်ငှားတာမှာ စာချုပ်ချုပ်ထားတဲ့သူဆိုတော့ Responsibility ပိုရှိတယ်ပေါ့။ အိမ်မှာ တစ်ခုခုဖြစ်ပြီဟေ့ဆို ကိုယ်ပဲဖြေရှင်းရတာလေ။ ဆိုတော့ ကန်ဒီ့ပင်ကိုယ်စိတ်နဲ့ဆို ဒီလိုတွေဖြစ်တာ စိတ်ဖိစီးမှု တကယ်များတယ်။ စင်္ကာပူဆိုတာလည်း သိတဲ့အတိုင်း ရာသီဥတုက မမှန်ဘူး။ ပူတဲ့အခါ အရမ်းပူတယ်။ နေလို့ကောင်းရင်လည်း ကောင်းနေပြန်ရော။ ဆိုတော့ အဲကွန်းနဲ့နေတတ်တဲ့ အိမ်ကအစ်မတွေက အဲကွန်းမရှိတော့ အဆင်မပြေကြဘူး။ သူတို့ကလည်း ညည်းတယ်... ပူလိုက်တာ ဘာညာဆို ကိုယ်ကစိတ်မကောင်းဘူး။ 

သူတို့ဖြစ်တာက အဲကွန်းမရလို့ ဖြစ်တာ.. ကိုယ်ဖြစ်တဲ့ စိတ်ဖိစီးမှုက ဒီပြသနာကြောင့်ဖြစ်တာ။ (၅)ရက်လောက်နေတော့ သူတို့ညည်းတာနားထောင်ရင်း ကိုယ့်ကိုကိုယ်လည်း ပြန်သုံးသပ်ရင်း တွေးမိတာက.. ကိုယ်လည်း ဒီကိစ္စပေါ်မှာ ခေါင်းရှောင်နေတာမျိုး မဟုတ်ဘူး။ မနေ့ကဖြစ်တယ်ဆို ဒီနေ့ Servicing company ကို ချက်ချင်းခေါ်ပေးတယ်။ ဒါကို ထပ်ဖြစ်တော့ နောက် Company တစ်ခုကို ထပ်ခေါ်ပေးတယ်။ အဲ့ဒါပြီးတော့ သူတို့ပြောသလို ကြီးကြီးမားမား ဖြစ်တာကို သိသိချင်း Agent ကို ချက်ချင်း Email ပို့ပေးတယ်။ အရင် Company ကို ပြန်ခေါ်ကြည့်ရအောင်လို့ အကြံပေးကြတော့လည်း ထပ်ခေါ်တယ်။ ဒီလောက် လုပ်သင့်တာတွေ အားလုံးလုပ်ထားပြီးသားကို ဘာကိစ္စ Stress များနေတာလည်းပေါ့ ကိုယ့်ကိုကိုယ်ပြန်မေးတယ်။ အဲ့လိုတွေးလိုက်တဲ့အချိန်မှာ စိတ်ကချက်ချင်း Relieve ဖြစ်သွားတယ်။ ဒါကိစ္စသေးသေးလေးတစ်ခု.. "It's not end of the World" ဆိုပြီး ပြန်တွေးလိုက်တဲ့အချိန်မှ စိတ်ကအရမ်း အေးချမ်းသွားတယ်။

ကန်ဒီဖြစ်နေတာကိုကြည့်ပြီး စာဖတ်တဲ့သူတွေက ရီချင်ရီနေမှာ။ ဘာမဟုတ်တာကို Stress တွေ ၀င်နေလို့လေ။ ဟုတ်တယ်... ဒါဘာလို့ ဖြစ်တာလဲ.. မဖြစ်သင့်ဘူးဆိုပြီး ကျိတ်မနိုင် ခဲမရတွေးပြီး စိတ်ဒုက္ခများနေမယ့်အစား ဒီအခြေအနေမှာ ဘယ်လိုအကောင်းဆုံးနေမလဲ... အကောင်းဆုံး ဘယ်လိုဖြေရှင်းနိုင်မလဲဆိုပြီး တွေးရမှာ။ ဒါမှ ဒီစိတ်က ချမ်းသာမှာ...

ငယ်ငယ်က ကန်ဒီ Aerobic ပြိုင်ပွဲဝင်ခါနီး အမေပြောတဲ့ စကားကို ပြန်သတိရတယ်။ "သမီး ပြိုင်ပွဲဆိုတာ အနိုင်အရှုံးက အဓိက မဟုတ်ဘူး.. အကောင်းဆုံး အစွမ်းကုန်ကြိုးစားပြီး ယှဉ်ပြိုင်ခြင်းသာ အဓိကပါ"တဲ့။ အဲ့ဒီ့ တန်ဖိုးရှိတဲ့စကားတစ်ခွန်းက ကန်ဒီ့ကို ခုချိန်ထိ ဘယ်ပြိုင်ပွဲမဆို အင်အားတွေပေးတယ်။ အဓိကက စိတ်ထားတတ်ဖို့ပေါ့နော်။ အခုကိစ္စမှာဆိုလည်း ဘယ်လိုတင်းတိမ်တဲ့စိတ်ထားမလဲဆိုတာမျိုး တွေးလိုက်ရင် အဲကွန်းမရတာလောက်ကတော့ စာတောင်မဖွဲ့လောက်ဘူးနော်။ ဖြစ်လာတဲ့အခြေအနေတစ်ခုမှာ Positive thinking အကောင်းမြင်ဝါဒနဲ့ တွေးတတ်ဖို့ ကိုယ့်ကိုကိုယ်ဆုံးမပါတယ်။

3 comments:

ဆုမြတ်မိုး said...

positive thinking က အကောင်းဆုံးပဲ ကန်ဒီ...၈၈ မေလမွေးတဲ့သူတွေကိုယ်က stress များတတ်သလားပဲ ။ ဆုမြတ်လည်း အဲလိုပဲ ကိုယ့်ဘက်က တာဝန်ကျေအောင်လုပ်ပေးပေမယ့် အဆင်မပြေသေးရင် မျက်နှာပူတယ်... insecure ဖြစ်တယ် ။ ကိုယ့်ကိုကိုယ်လည်းအရမ်းစိတ်လျော့ထားရတယ် ။ ငါလုပ်ပေးနိုင်တာကိုလုပ်ပေးပြီးပြီ ဖြစ်လာမတာ အဆင်မပြေတာမတတ်နိုင်ဘူး ။ ဆိုတဲ့စိတ်မွေးနိုင်တာအကောင်းဆုံးပဲ ။ ဒီမှာလည်းကြိုးစားနေဆဲပဲ..။ ဖိုက်တင်း ကန်ဒီ

sheena said...

Just like to share our experience.
Our air-con was having on-off issue after quarterly cleaning in May, so we informed the servicing company. They came down and checked. After checking, they said the Power supply card was faulty. The cost will be about S$450.
We called another company, they came down and checked again. Confirmed the card is faulty, but this time, recommendation is to change all 3 card for the reason that, if one card is faulty, it's likely that all 3 card will be faulty. Cost is around 1000.
We called another company to check the cost of power supply card. They said the cost and installation of power supply card is 400. But normally, it could be other card also faulty. If want diagnosis, need to pay 40. If not, they can install, but if other card problem, they are not responsible. We decide to go cheaper way. End up, the other cards also faulty. The cost of other two cards may be around 800 but they said need to check also the availability.
Finally, they recommended us to change the show-room set. He said cost is 1080. However, if we sign the cleaning service with them (200), they will do it 950. We asked them whether it's second hand or show-room set. They said show-room set but it's also second hand as it's not new. The reality is, it's second hand set and the condition is much more worse than our set (compressor unit).
After installation, they happily took our old unit as we also not sure where to keep it. But, we did not forget to take back the power supply card that we paid for. However, they are reluctant to give take it out. The lesson we learn is we are "Gin Kaung" for them. They still have cheek to say that 3 month warranty is not valid if the power socket is not change to "On-Off" switch which will cost 150 now but if change later will cost 250. We told them that the socket was installed by LEW and served us well for 5 years.
For your information. If you find it too bore to read, pardon me for my poor writing

Candy said...

Haha.. Thanks for taking your time and sharing your experience. At least, now i realized that we are not alone xD They can say whatever they want since we are not familiar with those technical stuffs -.- Soo true, we are "Gin Kaung" :(