ကန်ဒီစာသင်တဲ့ ဘုန်းကြီးကျောင်း မြန်မာစာသင်တန်း (၂၀၁၇)စာသင်နှစ် ပြီးသွားပါပြီ။ ကျောင်း(၃)လမပိတ်ခင် ဆရာကန်တော့ပွဲနဲ့ ကဗျာရွတ်ဖတ်ပွဲ ရှိတယ်လေ။ ကန်ဒီ့အခန်းက ကလေး(၄)ယောက်လည်း ကဗျာရွတ်ကြတယ်။
ဒါက တခြားအခန်းက ကလေးလေးတွေ။ ကိုယ့်အခန်းက ကလေးတွေအလှည့်တုန်းကကြ ဓာတ်ပုံမရိုက်လိုက်ရဘူး။ သူတို့မေ့တာတွေ ထောက်ပေးဖို့ ဆရာမက ရှေ့ကသေချာကြည့်နေရတယ်။ ကိုယ်မရိုက်လိုက်ရပေမယ့် ဘုန်းဘုန်း Live မှာတော့ ရှေ့က ဆရာမစပ်စလူးစိန်ရော ကလေးတွေရော ပါသွားတယ် ဟဟဟ xD
ဒီတနင်္ဂနွေကတော့ ကျောင်းပိတ်သွားတော့ တနေ့လုံးအိမ်မှာပေါ့။ နောက်နှစ်ပတ်၊ သုံးပတ်လောက်ဆို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း စဖွင့်ပြီ။ ဘုန်းဘုန်းက လာလုပ်အားပေးဖို့ ပြောထားတယ်။ ဗုဒ္ဓဘာသာသင်တန်းက တပတ်(၅)ရက်၊ တပတ်ကို တစ်ရက်ဖြစ်ဖြစ် နှစ်ရက်ဖြစ်ဖြစ် ကိုယ်နိုင်သလောက်လေးတော့ သွားကူဖို့ စဉ်းစားထားတယ်။
ကန်တော့ခံမယ့် ဆရာမဆိုတော့ ကြည့်ပျော်ရှုပျော်လေးတော့ ဖြစ်အောင် ပြင်သွားရတယ် ဟဟ။ အလှသေချာမပြင်တာ ကြာပေါ့။
ပျော်စရာတနင်္ဂနွေလေး ဖြစ်ပါစေရှင်..
ပျော်စရာတနင်္ဂနွေလေး ဖြစ်ပါစေရှင်..
4 comments:
ဆရာမလေးက မပြင်လည်း ချစ်စရာကောင်းပြီးသားပါလို့...း)
မိုးငွေ့
ကျေးဇူး မမမိုးငွေ့ :D
haha...
saw two kids of my cousin...
is that poem recital?!
Yes, it is hehe xD
Post a Comment