Monday, November 20, 2017

Holiday Mood is ON!!

မင်္ဂလာပါဗျို့..
နှုတ်ဆက်တာကိုက တက်ကြွနေတာ ဟဟ။ အဂါင်္နေ့ဆို ရန်ကုန်ကို အလည်နှစ်ပတ်ပြန်မယ်။ ကန်ဒီပျောက်နေရင် အဲ့ဒါကြောင့်နော်။ ပြန်လာမှ စာရေးမယ်။ Laptop မယူသွားတော့ဘူး။ မနက်ဖြန်တော့ အလုပ်တစ်ရက်ဆင်းရဦးမယ်။ ဒီနေ့က ပိတ်ရက်ဆိုတော့ အထုပ်တွေပြင်ပေါ့။ အဖေမှာတာတွေဝယ်၊ ဦးလေးမှာတာတွေဝယ်နဲ့  ပြီးခဲ့တဲ့ရက်တွေက အလုပ်ရှုပ်နေတာ.. သားသားတို့အတွက်လည်း လက်ဆောင်လေးတွေ ၀ယ်တယ်။


ဗုဒ္ဓဘာသာသင်တန်းမှာလည်း ဘုန်းဘုန်းကို သွားကူဖြစ်တယ်။ ဗုဒ္ဓဟူးတစ်ရက်ပေါ့။ အလုပ်ကနေ ဘုန်းကြီးကျောင်းကို (၁)နာရီခွဲလောက် သွားရတော့ တစ်ရက်ပဲ ကူဖြစ်တယ်။ ဘုန်းဘုန်းရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ Facebook က သယ်လာတာ xD




ဘုန်းဘုန်းတွေ သင်တာကို ကိုယ်ကကူပေးရုံပါပဲ။ စာတိုင်ပေးတာတို့ ဘာတို့ပေါ့။ ဗူးသီးချဉ်ဟင်း ရှယ်ချက်တဲ့နေ့မှာ ဧည့်သည်ကလာတယ်။ တော်တော်ကံကောင်းတဲ့ဧည့်သည်.. ကိုယ်ဟင်းချက်တာများ ကြိုသိနေသလား မှတ်ရ ဟဟ။ ပဲကတ္တီပါကြော်၊ ပန်းပွင့်စိမ်းကြော်၊ ဗူးသီးချဉ်ဟင်း.. ဟင်းတွေက အရမ်ကောင်း။ အချိုတည်းဖို့ သရက်သီးလည်း ပါတယ်။


မြို့ထဲရောက်တဲ့တစ်ရက်.. တနေ့တနေ့ အိမ်၊ အလုပ်၊ ဘုန်းကြီးကျောင်းပဲ လည်နေတော့ အဲ့လိုအပြင်သွားတဲ့ရက်လေးလည်း မှတ်တမ်းတင်ရတယ်။ မှတ်မှတ်ရရပဲ City Hall မြန်မာဆိုင်မှာ အသုပ်စားပြီး အိမ်ပြန်လမ်းမှာ အန်တယ်လေ။




အစာမကြေတာလဲ ဖြစ်နိုင်တယ်။ အသုပ်က မသန့်တာလဲ ဖြစ်နိုင်တယ်။ အန်ပြီးမှပဲ တော်တော်သက်သာသွားတယ်။ စနေနေ့ အိမ်မှာ Aircon Cleaning လုပ်တယ်။ SGD 80 ကျတယ်။ အိမ်သာက ရေဆွဲချတဲ့ Button က နှိပ်ပြီးရင် ပြန်တက်မလာဘဲ ညှပ်ညှပ်နေလို့ Plumber ခေါ်ရတယ်။ အဲ့ဒါလဲတာ SGD 180 ကျတယ်။ အိမ်ကအစ်မတွေတော့ အကုန်အကျများလို့ဆိုပြီး ကိုယ့်ကိုမေတ္တာပို့နေလောက်ပြီ။

အဲ့ကိစ္စတွေပြီးတော့ ညနေဘက် Mustafa သွားတယ်။ ဦးလေးမှာတဲ့ Portable DVD Player က ဆိုင်ကြီးတွေမှာ မတင်တော့ဘူး။ ခေတ်မရှိတော့ဘူးလေ။ Mustafa မှာတော့ ရှိတယ်။ SGD 126 ပေးရတယ်။ သူတို့ကောင်းတယ်လို့ ညွှန်းတဲ့ဟာ ၀ယ်လိုက်တာပဲ။ ကိုယ်ကလည်း သိပ်နားမလည်ဘူးဆိုတော့။ သူကတရားခွေဖွင့်ချင်တာ... တရားနာဖို့ဆိုတော့ ကိုယ်လည်း ကုသိုလ်ရတယ်လေ။


Mustafa မသွားခင် ညစာကို Clarke Quay မှာ သက်သတ်လွတ်ဟမ်ဘာဂါစားတယ်။ မှိုကိုလုပ်ထားတာ တကယ့်ကြက်သားတုံးကို ၀ါးနေရသလိုပဲ လှန့်တောင်လှန့်သွားတယ်။ ဒီရက်ပိုင်း လုပ်ဖြစ်တာလေးတွေကတော့ ဒီလောက်ပါပဲ။ ရန်ကုန်က ပြန်လာမှ တွေ့မယ်နော်...

တာ့တာ^^

2 comments:

coral nyo said...

ကန်ဒီလေးကို အလန်းပုံလေးတွေနဲ့မတွေ့တာကြာပြီ တ၀လာကြည့်သွားတယ်...။ ဒါနဲ့ ဗူးသီးချဉ်ဟင်းကို အသံကြားတာနဲ့ဗိုက်တောင်ဆာသွားတယ် ဧည့်သည်ကတော့ ကံကောင်းချက်..။ စကားမစပ် ကြီးကြီး(တူကလေးနှစ်ယောက်တောင်ရနေပြီဆိုတော့) ဘယ်တော့ မင်ဂါဆောင်မလဲ ဆောင်ရင် ကိုယ့်အစ်မကိုတော့မမေ့နဲ့ဦး...။

မိုးငွေ့

Candy said...

ဟီးဟီး မမေ့ပါဘူးလို့..