ပြန်ရောက်ပါပြီဗျို့...
အင်္ဂါနေ့ ညနေ(၃)နာရီလောက် စင်္ကာပူကို ပြန်ရောက်တယ်။ ဗုဒ္ဓဟူးနေ့ တစ်ရက်နားတယ်။ ဒီနေ့တော့ အလုပ်သွားတယ်။ အလုပ်ကပြန်လာ ရေမိုးချိုးပြီးတော့ Mask လေး ဘာလေး လုပ်လိုက်ပါဦးမယ်လေဆိုပြီး စိတ်ကူးပေါက်တာနဲ့ ပိုစ့်လေးတင်ဖို့ပါ ဓာတ်ပုံရိုက်ဖြစ်တယ်။ ဒီလို Review တွေ မရေးဖြစ်တာ တော်တော်ကြီး ကြာပြီနော်။
ရန်ကုန်ပြန်တော့ ခရီးတွေထွက်တယ်လေ။ ဖုန်တွေ လေတွေ နေတွေနဲ့ ကိုယ့်မျက်နှာလေး ကိုယ်ပြန်သနားလို့ လန်းလန်းဆန်းဆန်းပြန်ဖြစ်သွားအောင် ဆိုပါတော့။ ဒီ Mask လေးက ကန်ဒီခုမှ စသုံးဖူးတာ မဟုတ်ပါဘူး။ ၀ယ်ထားတာကြာပြီ စိတ်ကူးပေါက်ရင် ပေါက်သလို သုံးဖြစ်တယ်။ ကန်ဒီနဲ့လည်း မတည့်တာတွေ ဘာတွေမဖြစ်လို့ သဘောကျတယ်။ Body Shop က Himalayan Charcoal Purifying Glow Mask ဆိုတာလေးပါ။ သူက အဆီပြန်တဲ့အသားအရည် ပိုင်ရှင်တွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာပါ။ ဒါပေမယ့် ကန်ဒီ ဒီ Mask လေး ၀ယ်ဖြစ်တာ မျက်နှာအဆီပြန်တာကို Treatment ယူဖို့ ၀ယ်ဖြစ်တာ မဟုတ်ပါဘူး။ အဓိက,က Charcoal ကြောင့်ပေါ့.. Charcoal ရဲ့သဘောက အဆိပ်အတောက်တွေ စုပ်နိုင်တဲ့ ဆွဲအားရှိတယ်။ မျက်နှာပေါ်က ချေးတွေ အဆိပ်အတောက်တွေ စုပ်ယူနိုင်တယ်ဆိုပြီး ၀ယ်ဖြစ်တာ။ Body Shop မှာ တခြား Brightening Mask တွေ၊ Moisturizing Mask တွေလည်း ရှိပါတယ်။ အဲ့ဒါတွေတော့ ကန်ဒီ မသုံးဖူးသေးပါဘူး။
မိန်းကလေးတော်တော်များများက Sheet Mask တွေ ကြိုက်ကြတယ်။ မျက်နှာပေါ် တင်ထားရတာလေးလေ။ ကန်ဒီက အဲ့ဒါမျိုးကို လုံးဝမကြိုက်ဘူး။ စိုစိစိုစိနဲ့ နေရတာ မလွတ်မလပ်မို့လေ။ ကန်ဒီက မျက်နှာပေါ် အဲ့လိုလိမ်းထားပြီး သူ့ဟာသူခြောက်သွားတာမျိုးကို ပိုသဘောကျတယ်။ အဲ့ဒါလေး ခြောက်သွားတာနဲ့ ကန်ဒီပြထားတဲ့ အစိမ်းရောင် Konjac Sponge ဆိုတဲ့ဟာလေးနဲ့ မျက်နှာကိုပွတ်ပြီး သစ်တယ်။ Konjac Sponge ဆိုတာ သဘာဝ Fiber တစ်မျိုးပါ... သူက ရေစုပ်နိုင်တဲ့ စွမ်းအားရှိတယ်။ ရေခြောက်သွားရင် သေးသေးလေးနဲ့ မာမာလေးရယ်.. မသုံးခင် ရေအရင်စွတ်ပြီး အဲ့လိုကြီးပြီးပျော့လာအောင် လုပ်ပေးရတယ်။ သူက မျက်နှာကို Exfoliate လုပ်ပေးတယ်.. ဆဲလ်အသေတွေ ဖယ်ရှားပေးတယ်ပေါ့။ Charcoal က အညစ်အကြေးတွေ စုပ်ပေးပြီး Konjac Sponge က Exfoliate လုပ်ပေးတော့ အားလုံးပြီးသွားရင် မျက်နှာလေးက ချောပြီးကျန်ခဲ့တယ်။
Mask သုံးပြီး မျက်နှာသစ်ပြီး Rosehip Oil လိမ်းပြီး မျက်နှာ...
သူ့ကို ခဏခဏတော့ မသုံးသင့်ဘူး။ Sheet Mask တွေနဲ့ ယှဉ်ရင် နည်းနည်း Strong ဖြစ်လို့လေ။ တစ်ပတ်တစ်ခါလောက် သုံးပေးရင်ရပြီ။ ကန်ဒီကတော့ စိတ်ကူးပေါက်မှ ထ,ထလုပ်တာ။ ကြုံတုန်းလေး လွန်ခဲ့တဲ့ (၄)နှစ်တုန်းက ကန်ဒီရေးဖူးတဲ့ "My Skin Story" ဆိုတဲ့ ပိုစ့်ထဲက ပုံလေးတချို့ကို ပြရင်း Skin Update လေး လုပ်ချင်တယ်။
လွန်ခဲ့တဲ့(၄)နှစ်က ပုံလေးတွေ...
"Before" ဆိုတာက ကန်ဒီ အဲ့အချိန်တုန်းက ဆေးခန်းမပြခင် ဖြစ်နေတဲ့မျက်နှာပေါ့။ "After 6 months" ဆိုတာက ဆရာဝန်ပေးတဲ့ ဆေးအပြင်းစားကြီးတွေကို နှုတ်ခမ်းကွဲခံ၊ အသားခြောက်ခံ (၆)လသောက်ပြီး တိုးတက်လာတဲ့ မျက်နှာ။ အဲ့တုန်းကတော့ အရမ်းပျော်ခဲ့တာပေါ့။ ဖြစ်ချင်တော့ အဲ့ဒီဆေးကို (၉)လ (၁၀)လလောက် သောက်ပြီး ရပ်လိုက်တာနဲ့ "Before" ပုံအတိုင်းကို ပြန်ဖြစ်သွားတော့တာပဲ။
လွန်ခဲ့တဲ့(၄)နှစ်က ပုံများ...
အဲ့ဒါနဲ့ နောက်တစ်ခေါက်ဆေးခန်းထပ်သွား ထပ်ပြ.. ဆရာဝန်က ဒီဆေးပဲ ပြန်ပေးတယ်။ အဲ့ဆေးအပြင်းစားကြီးကိုပဲ ဒုတိယအကြိမ်ထပ်သောက်တယ်။ ပျောက်တယ်။ ရပ်လိုက်တာနဲ့ ပြန်ဖြစ်တာပဲ။ နောက်ဆုံး မသောက်တော့ဘူး ဆေးခန်းလည်း မပြတော့ဘူး ၀က်ခြံနဲ့ပက်သက်ရင် ဘာမှကိုမလုပ်တော့ဘူးဆိုပြီး ပစ်ထားလိုက်မှပဲ သူ့ဟာနဲ့သူ ကောင်းသွားတော့တာပဲ။ တစ်ခုရှိတာက ဆေးရပ်လိုက်တဲ့အချိန်မှာ ကန်ဒီ Vegetarian စ ဖြစ်နေပြီ... သုံးလလောက်နေတော့ နို့ထွက်ပစ္စည်းတွေပါ ဖြတ်ပြီး Vegan ဖြစ်သွားတယ်။ ဒါက ၀က်ခြံကြောင့် တမင်ရှောင်တာ မဟုတ်ဘူးနော်။ အကြောင်းဖန်လာတာကို ပြောပြတာ။ စ,စခြင်းမှာ သိပ်မသိသာဘူး.. ခုလို နှစ်နှစ်လောက်ကြာတော့ အသားအရည်အပြောင်းအလဲက အရမ်းသိသာလာတယ်။ ဒီလိုပြောလို့ ၀က်ခြံလုံးဝမထွက်တော့တာလားလို့ မေးရင် မဟုတ်ဘူး.. ထွက်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ (၄)နှစ်က "Before" ပုံစံ အခြေအနေအထိ မရောက်သွားတော့ဘူး။ အဲ့ဒါကိုပဲ ကျေနပ်နေတယ်ဆိုပါတော့။
ကန်ဒီအဓိကပြောပြချင်တာက အသားအရည် ၀က်ခြံဆိုတာ ကိုယ်စားတဲ့အစားအစာပေါ်မှာလည်း အများကြီးမူတည်တယ် ဆိုတာကိုပါ။ ကိုယ်တွေ့မို့ အံလည်း အံသြရတယ်။ နောက်ပြီး ၀က်ခြံပေါက်တယ်ဆိုပြီး အဲ့ဒီအပေါ် အရမ်း Stress မထားပါနဲ့.. မေ့မေ့ပျောက်ပျောက်ထားလိုက် သူ့ဟာသူပျောက်သွားလိမ့်မယ်။ သွားပြီး အဲ့ဒီအပေါ် Stress များနေမှ Stress ကြောင့် ၀က်ခြံပိုပေါက်မယ်။ နောက်တစ်ချက်က မျက်နှာသစ်ဆေး... အရမ်းအရေးကြီးတယ်။ ၀က်ခြံထွက်တဲ့အသားအရည်အတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေးတွေ လုံးဝမသုံးပါနဲ့.. အဲ့ဒါတွေက အသားအရည်ကို ခြောက်သွေ့စေပြီး အဆီပိုပြန်၊ ၀က်ခြံပိုထွက်တတ်ပါတယ်။ ကိုယ့်အသားအရည်ကို ပုံမှန်လို့ပဲ သဘောထား.. Mild ဖြစ်တဲ့ မျက်နှာသစ်ဆေးလေးတွေ ရွေးသုံး.. အသားအရည်က သူ့ဟာသူ တိုးတက်လာပါလိမ့်မယ်။
ဒါကတော့ ၀က်ခြံနဲ့ ပက်သက်ပြီး Skin update နဲ့ ကန်ဒီ့အတွေ့အကြုံအရ Tips လေးတွေပါ။
အားလုံးပဲ Good Night ပါနော်^
2 comments:
လွန်ခဲ့တဲ့လေးနှစ်ကပုံနဲ့ ခုပုံပြန်ယှဉ်ရင် မျက်အိတ်လေးနဲနဲပိုဖောင်းလာတယ် ရေများများသောက်ပါသမီး...
မိုးငွေ့
ဟုတ်ကဲ့ မမမိုးငွေ့
Post a Comment