Tuesday, January 2, 2018

Secret Revealed

အားလုံးပဲ Happy New Year ပါဗျို့...
ညီမလေးဆီက Christmas လက်ဆောင်အနေနဲ့ ကန်ဒီလိုချင်နေတဲ့ Tarte Facial Oil လေး ရတယ်။ သူနဲ့ညစာစားဖြစ်ကြတဲ့နေ့က ပုံလေးပါ။ မတွေ့တာအတော်ကြာပြီး စကားပြောဖြစ်ကြတော့ သူတို့လင်မယားနှစ်ယောက် Canadian PR လျှောက်ဖို့ ကြိုးစားနေကြတယ်လို့ ပြောပြလာတယ်။ အမေတို့ကိုပြောပြတော့ အမေတို့က စိတ်မကောင်းတဲ့ပုံပဲတဲ့။ စဉ်းစားဦးလို့ ပြောတယ်တဲ့။ သူက ကန်ဒီတို့ ညီအစ်မတွေထဲမှာ အသွက်ဆုံး.. (၁၀)တန်းဖြေပြီးကတည်းက စင်္ကာပူကို တစ်ယောက်တည်းလာ ကျောင်းတက်တာ။ ခုလည်း Canada ကို Move ဖို့ ကြိုးစားနေလေရဲ့.. ကန်ဒီကတော့ သူနဲ့ဆန့်ကျင်ဘက်။ ဘယ်တော့မြန်မာပြည်ပြန်ရမလဲ ချောင်းနေတဲ့သူ ဟဟဟ

အရင်က ကန်ဒီကိုယ်တိုင်လည်း မြန်မာပြည်ပြန်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ ဒီမှာက ကိုယ့်အတွက်အစစအရာရာ အဆင်ပြေပြီး နေသားလည်းကျနေပြီ။ မြန်မာပြည်မှာမရနိုင်တဲ့ လစာမျိုးလည်းရတယ်။ ကိုယ်လုပ်ချင်တဲ့ပရဟိတအလုပ်လေးတွေလည်း လုပ်ခွင့်ရတယ်။ မိဘဆီက ပိုက်ဆံလက်ဖြန့်တောင်းစရာမလိုဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တယ်။ ကိုယ်ဒီလိုဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တာက အဖေနဲ့အမေ။ ခုချိန်မှာ သူတို့အသက်က(၆၈)နှစ်ထဲ ၀င်နေပြီ။ သားသမီးတွေအနားမှာနေပြီး ပြုစုသင့်တဲ့အရွယ်ရောက်နေပြီ။ ဒီတော့ ကိုယ့်တကိုယ်ကောင်းစိတ်ကို စွန့်လွှတ်သင့်တဲ့အချိန်ရောက်ပြီလို့ ကန်ဒီထင်တယ်။ မိဘဆိုတာရှိတုန်းပဲ ပြုစုခွင့်ရှိတာမလား။ မိဘနဲ့ယှဉ်ရင် ကျန်တာတွေက ဘာမှအရေးမကြီးဘူးလေ။ ဆိုတော့ ကန်ဒီလာမယ့်နှစ်အနည်းငယ်အတွင်းမှာ ရန်ကုန်အပြီး ပြန်ဖြစ်လိမ့်မယ်။


ဗုဒ္ဓဘာသာသင်တန်း ဆုပေးပွဲတုန်းက ပုံလေးတွေ မတင်ရသေးလို့ အမှတ်တရတင်ဦးမယ်နော်။ ဗုဒ္ဓဘာသာသင်တန်းက တစ်လခွဲလောက်ကြာတယ်။ ကန်ဒီရန်ကုန်ပြန်တာနဲ့ ဘာနဲ့ဆိုတော့ သေချာတောင် မကူညီဖြစ်ပါဘူး။ ဒီပြန်လာမှ သေချာပြန်ကူဖြစ်တယ်။ ဘုန်းဘုန်းကတောင် မခိုင်လေးတစ်ယောက်ပျောက်ချက်သားကောင်းနေတယ်တဲ့။ ရန်ကုန်နှစ်ပတ်ပြန်သွားလို့ပါဘုန်းဘုန်းလို့ ပြန်ပြောပြရတယ်။




ဆရာမတွေ ဓာတ်ပုံရိုက်..



ကိုယ်ပိုင်ကင်မရာမန်း ပါလာတော့ တစ်ယောက်တည်းပုံလေးတွေလည်းရိုက်.. ဟီးဟီး။ အားလုံးကို မပြောပြရသေးတဲ့ ကြီးကြီးမားမားကိစ္စတစ်ခုရှိတယ်။ အဲ့ဒါကတော့... လာမယ့်ဇွန်လမှာ ကန်ဒီမင်္ဂလာဆောင်တော့မယ်!! ရန်ကုန်မှာပဲ လက်မှတ်ထိုးပြီး ဘုန်းကြီးဆွမ်းကပ်မှာပေါ့။ အံသြသွားအောင် Surprise လုပ်တာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်က အဲ့ဒီကိစ္စနဲ့ပက်သက်ရင် ပေါ်ပေါ်ထင်ထင်မပြောတတ်လို့ လျှိုသလိုဖြစ်သွားတာ။ ပြီးခဲ့တဲ့နှစ်တည်းက ဇွန်လကို မင်္ဂလာဆောင်ဖို့မှန်းထားလို့ ကြိုခွင့်တင်ထားတယ်။ အဲ့အချိန်က ကန်ဒီခုနေနေတဲ့အိမ် စာချုပ်ပြည့်တဲ့အချိန်လည်းဖြစ်တော့ သူ Move in လုပ်ရင်ပဲဖြစ်ဖြစ် အိမ်ပြန်အပ်ပြီး အိမ်အသစ်ရှာရင်ပဲဖြစ်ဖြစ် အဆင်ပြေအောင်ပေါ့။ ကန်ဒီ့ အခန်းဖော်အစ်မကိုလည်း ကန်ဒီပြောပြထားပြီးပြီ၊ သူကလည်း အဆင်ပြေတယ်တဲ့။ သူ့သူငယ်ချင်းတစ်ယောက်က သူ့ကိုလာနေဖို့ခေါ်နေတာ ကန်ဒီ့ကိုငဲ့ပြီး မပြောင်းဖြစ်တာတဲ့။ 

အဲ့လိုသေချာတွက်ချက်ထားတာတောင် အလွဲအချော်တွေက ဖြစ်လာတယ်။ ကန်ဒီတို့နဲ့နေနေတဲ့ ဟိုဘက်အခန်းကအစ်မတစ်ယောက်က ဒီမတ်လကုန်မှာပြောင်းမယ်တဲ့။ သူအလုပ်ပြောင်းတော့ အလုပ်နဲ့နီးတဲ့နေရာပြောင်းချင်တာပါ။ ဆိုတော့ အခုကန်ဒီတစ်ယောက် ဦးနှောက်ခြောက်နေတယ်။ လူအသစ်ရှာရအောင်လည်း ကန်ဒီတို့အိမ်ကဈေးကြီးတော့ လူရှာဖို့တော်တော်ခက်တယ်။ နောက်တစ်ချက်က ကန်ဒီမင်္ဂလာဆောင်ပြီးရင် ဒီအိမ်ကပြောင်းချင်ရင် ပြောင်းမှာဆိုတော့ Short-term ငှားမယ့်လူရှာမယ်ဆိုလည်း ခက်ပြန်ရော။ 

အမေတို့လာမယ့်ဧပြီမှာ ညီမလေးဘွဲ့ယူဖို့အတွက် လာဖို့ရှိတော့ အဲ့တစ်လကို ဘယ်သူ့မှမရှာဘဲ.. အမေတို့ကို လွတ်လွတ်လပ်လပ်ပေးနေလိုက်ဖို့ စဉ်းစားထားတယ်။ တစ်ယောက်စာ SGD 560 တော့ ကိုယ်ပဲပိုပေးပေါ့။ အဲ့ဒါပြီးရင်တော့ ဒီအိမ်ကိုအပ်ပြီး အိမ်အသစ်ပြောင်း.. လွတ်နေတဲ့ မေတစ်လအတွက်အဆင်ပြေအောင် မေလမှာအရင် စင်္ကာပူမှာ မင်္ဂလာဆောင်ရမယ့်ကိန်းရောက်နေတယ် >.<



ကိုယ်မှန်းထားတဲ့အတိုင်း မဖြစ်လာတော့ New Year ကြီးမှာ စိတ်တွေရှုပ်ပြီး တော်ပြီ.. အိမ်မှာမနေဘူး။ အပြင်ထွက် မုန့်သွားစားမယ်ဆိုပြီး Burger ဆိုင် ရောက်သွားတယ် ဟဟဟ။ အိမ်အသစ်ငှားပြီးရင်လည်း လူကထပ်ရှာရဦးမှာ.. လူမရရင် ကိုယ်အိတ်စိုက်ပေါ့။ အစစအရာရာ အဆင်ပြေဖို့ မျှော်လင့်ပါတယ်။

အားလုံးပဲ ပျော်စရာနှစ်သစ်လေး ပိုင်ဆိုင်ကြပါစေ..

7 comments:

coral nyo said...

Secret Revealed ဆိုကတည်းက ထင်သားပဲ မင်္ဂလာသတင်းပဲဆိုတာ.... မင်္ဂလာဆောင်ဖိတ်မယ်ဆို coralnyo@gmail.com ကိုစာပို့ထားနော်သမီး လာခဲ့မယ်......

မိုးငွေ့

Candy said...

ဟုတ်မမ.. ဖိတ်စာရရင် ပို့လိုက်မယ်နော် ^_^

Anonymous said...

စိတ်ထားဖြူစင်တဲ့ ချစ်စရာညီမလေး အစစအဆင်ပြေအေးချမ်းပါစေ။ စိတ်တွေမရှုပ်နဲ့နော်။ ဘာမှလည်းတွေးမပူနဲ့။ အချိန်တန်ရင် သူ့ဟာနဲ့သူအဆင်ပြေချောမွေ့သွားမှာပါ။

Candy said...

ခုလို အားပေးတာ ကျေးဇူးတင်ပါတယ် မရေ။ လူက စိတ်တွေရှုပ်ပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတာ....

Anonymous said...

ဘာဖြစ်နေမှန်းမသိဘူး ကန်ဒီလေးရေ
ဖုန်းနဲ့ မန့် ထားတာမတွေ့ ဘူး
အမှိုက်ထဲရောက်နေလားတော့မသိ
နှစ်သစ်မှာမင်္ဂလာသတင်းလေးကြားရလို့ ဝမ်းသာပါတယ် ကန်ဒီလေးရေ
Congratulations!!
မမအိုင်အိုရာ

Candy said...

ကျေးဇူးပါ မမအိုင်အိုရာရေ...

Aung Htut said...

အာ... Secret Revealed က ဒီမှာပဲ.. အပေါ်ပိုစ့်ကနေ လိုက်ဖတ်လာတာ.. စင်ကျားပေါလည်း စီးပွားရေးကျကျလာတာ... ပြန်တဲ့လူတွေလဲပြန်နဲ့ ကျွန်တော့်အိမ်လည်း လူတွေ မရှိတော့ဘူး... အိတ်စိုက်ပဲ...