Thursday, February 1, 2018

မွန်တို့ဌာနေ

မနေ့ကပဲ ကန်ဒီ့ Clinical Training Course စာမေးပွဲပြီးလို့ လွတ်လပ်ရေးရနေတယ်လေ။ အမှတ်ပြည့်မရမှန်းသိလို့ စိတ်ထဲမှာတော့ သိပ်မကျေနပ်ဘူး။ ဒါပေမယ့် ပြီးခဲ့တာတွေလည်း ပြီးပြီမို့ စိတ်ထဲမထားတော့ပါဘူး ဟဟ။ စာကိုအဲ့လောက်လောဘကြီးမှန်း ကိုယ့်ကိုကိုယ်တောင် သတိမထားမိခဲ့ဘူး။ အသက်ကြီးလာလေ ပိုလောဘကြီးလာလေပဲ။ သိချင်တာတွေ များနေတာလေ။

နောက် ဘာဆက်ရှိသေးလဲဆိုတော့ မတ်လဆန်းမှာ Presentation တစ်ခုလုပ်ဖို့ ရှိတယ်။ Ischaemic Stroke ဆိုတဲ့ Topic ကို ရွေးထားတယ်။ မြန်မာလိုဆိုရင်တော့ ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ ကုသမှုပေါ့။ သူတို့ရွေးချယ်ခွင့်ပေးထားတဲ့ Topics တွေထဲမှာဆို ကန်ဒီပိုင်တဲ့ Depression စိတ်ကျရောဂါနဲ့ ကုသမှုအကြောင်းကို ရွေးလို့ရတယ်။ စိတ်ကျရောဂါနဲ့ပက်သက်လို့ ကန်ဒီ Clinical Bulletin လည်းလုပ်ဖူးတယ်၊ ဆေးတစ်မျိုးအကြောင်းကိုလည်း သီးသန့် Presentation လုပ်ထားဖူးတယ်။ အဲ့ဒါရွေးရင် ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးပဲ၊ ဘာမှတောင်တကူးတကပြင်ဆင်စရာ မလိုဘူး။ ဒါပေမယ့် ကန်ဒီဆိုတော့ သိတဲ့အတိုင်း.. လွယ်တာဆို မလုပ်ချင်ဘူးလေ။ နည်းနည်းလေးတော့ အဒွန့်တက်လိုက်ရမှလေ.. သိတာကိုလုပ်ရင် မတိုးတက်ဘူး၊ ကိုယ်မသိတာလုပ်မှ သိမှာဆိုပြီး ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ကုသမှုကို ရွေးလိုက်တယ်ပေါ့ ဟဟ။ ကန်ဒီနဲ့ တော်တော်စိမ်းတဲ့ Topic မို့ တော်တော်တော့ စာဖတ်ယူရမယ်။ Prepare လုပ်ဖို့ တစ်လအချိန်ရတယ်ဆိုတော့ ဒီရက်ပိုင်းလေးတော့ ခဏလေး နားလိုက်ဦးမယ်။


အလုပ်မှာ Yuri ဆိုတဲ့ သူငယ်ချင်းမလေး အလုပ်ထွက်လို့ သူနဲ့နောက်ဆုံး အမှတ်တရ... ကိုယ့်အလှည့်ကတော့ နောက်(၂)နှစ်ကျော်လောက်နေရင်ပေါ့။ ကိုယ်အရမ်းချစ်တဲ့ ဒီအလုပ် ဒီ Profession ကို စွန့်လွှတ်ရမှာ တွေးကြည့်ရင် ဘယ်လိုမှ မခံစားနိုင်သေးဘူး။ ဒါပေမယ့် ကန်ဒီပြောခဲ့သလိုပဲ မိဘသည်သာ ပထမဦးစားပေး ဖြစ်ရမယ်လေ။ ကြုံတုန်းမြန်မာပြည်ပြန်တုန်းက မိသားစုနဲ့ မော်လမြိုင် စက်စဲဘက် သွားလည်ခဲ့တဲ့ ပုံလေးတစ်ချို့တင်ဦးမယ်။






တစ်နှစ်တစ်ခေါက်ပြန်တိုင်း အဖေနဲ့အမေတို့ တဖြည်းဖြည်းအိုမင်းလာတာ သတိထားမိလာတယ်။ ခုချိန်ထိ သွားနိုင်လာနိုင်နေသေးလို့ ကျေးဇူးတင်မဆုံးဘူး။ မော်လမြိုင်က Cinderella ဆိုတဲ့ Hotel လေးမှာတည်းတာ အရမ်းအဆင်ပြေတာပဲ။ Service အရမ်းကောင်းတယ်။ ဟိုတယ်ရဲ့အပြင်အဆင် မြန်မာမှုလက်ရာလေးတွေကိုလည်း အရမ်းသဘောကျတယ်။ အဲ့ဒီဟိုတယ်လေးကို Recommend လုပ်တယ်။



စက်စဲမှာ တည်းတဲ့ဟိုတယ်ကတော့ ပြောမနေပါနဲ့တော့.. တော်တော်ဆိုးဆိုးပဲ။ Service အရမ်းညံ့တယ်။ ဟိုတယ် Restaurant မှာ ညစာစားနေတာကို ကိုယ်တွေစားတဲ့ Table ရဲ့မီးကို မပြောမဆိုနဲ့ ပိတ်တယ်။ မေးကြည့်တော့ အဲ့ Table ရဲ့မီးကို ပိတ်ရမှာမို့ဆိုပဲ အဲ့ဒါနဲ့ Table ပြောင်းထိုင်ပေးရတယ်။ နောက် သူတို့ဆီက ရေညှိသုပ်တွေစားပြီး ကန်ဒီတညလုံးအန်တာလေ မအိပ်ရဘူး... ခရီးတလျှောက်လုံးလည်း အန်တယ်။ ရန်ကုန်ပြန်ရောက်မှပဲ ကောင်းသွားတော့တယ်။

ကဲ.. ည(၁၁)နာရီလဲကျော်ပြီမို့ အိပ်တော့မယ်နော်..
Good Night^^

No comments: