Saturday, February 24, 2018

Random stuffs

ဒီနေ့ပိုစ့်ကတော့ ဘာမှထွေထွေထူးထူးရယ် မဟုတ်ပါဘူး။ ဒီရက်ပိုင်း လုပ်ဖြစ်တာလေးတွေနဲ့ ဓာတ်ပုံလေးတွေတင်ရုံပေါ့။ ကန်ဒီ့ Chinese New Year ပိတ်ရက်သုံးရက်ကတော့ အိမ်မှာ Presentation အတွက် ပြင်ဆင်နေတာနဲ့ ပြီးသွားတယ်။ နောက်ဆုံးရက် တနင်္ဂနွေနေ့ညနေမှ အပြင်ခဏထွက်ဖြစ်တယ်။



အဲ့(၃)ရက်စာဖတ်တာလည်း မပြီးသေးဘူး.. ဖတ်စရာတွေ ကျန်သေးတယ်။ အလုပ်ဖွင့်ရက်ကြတော့ ဟင်းချက်တာနဲ့ အလုပ်ပင်ပန်းတာနဲ့ စာမလုပ်ဖြစ်ဘူး။ Presentation က မတ်လ(၇)ရက်နေ့ဆိုတော့ သိပ်မလိုတော့ဘူး။ မနေ့က ကိုမျိုးမွေးနေ့.. သူနဲ့ပီဇာသွားစားတယ်။ ကန်ဒီစားလို့ရတဲ့ Vegan Pizza ပေါ့။ စင်္ကာပူမှာ ကန်ဒီသိသလောက် အဲ့တစ်ဆိုင်ပဲ ရှိသေးတယ်။





အလုပ်က Christmas Party တုန်းက ကန်ဒီပီဇာဝယ်သွားပေးတာ အဲ့ဆိုင်ကပေါ့။ Ice cream လည်း အရမ်းကြိုက်.. Loco Coco ဆိုတာ ငယ်ငယ်တုန်းကကျောင်းဆင်းရင် ၀ယ်ဝယ်စားတဲ့ အုန်းမွှေးလုံးအရသာ အတိုင်းပဲ။ အမှန်က လည်ချောင်းတွေယားပြီး ချောင်းဆိုးချင်နေတာ.. ဒါပေမယ့်လည်း မနေနိုင်ပါဘူး ရောက်တုန်းဆိုပြီး စားတာပဲ ဟဟဟ




သြော်မေ့နေတာ ကြည့်ဦး.. ကန်ဒီ Vegan Basic Baking Class သွားတက်မလို့ Register လုပ်ထားတာ ပြောပြမလို့။ တစ်ရက်ပဲ (၃)နာရီပဲ တက်ရမှာ... မတ်လထဲမှာ။ အဲ့ Class အကြောင်း Facebook မှာတွေ့တော့ အရမ်းစိတ်ဝင်စားတာ.. သိတဲ့အတိုင်း ပေါင်မုန့် ကိတ်မုန့်တော်တော်များများက ကြက်ဥ ထောပတ်တွေသုံးတော့ ကန်ဒီစားလို့မရဘူးလေ.. တခါတလေလေး စားချင်စိတ်ပေါက်ရင် ကိုယ်တိုင် Bake လုပ်ရတယ်။ ကန်ဒီလုပ်တတ်တာဆိုလို့ Banana Cake တစ်ခုပဲရှိတယ်။ ဒါကလည်း မမမိုးငွေ့သင်ပေးထားလို့.. နို့မို့ဆို မလုပ်တတ်ဘူး။ အဲ့ဒါနဲ့ သွားတက်ဖို့ ဆုံးဖြတ်လိုက်တာ.. သင်တန်းကြေးက SGD 100.. များတယ်လို့တော့ ပြောလို့မရပါဘူး။ ဒီမှာ အဲ့လို 1 Day Class လေးတွေလည်း အဲ့လောက်တော့ ပုံမှန်ပေးရတယ်။ Vegan Baking ဆိုတော့ အဲ့လိုသင်တန်းမျိုးက တွေ့ဖို့မလွယ်ဘူးလေ။ သူရေးထားတာတော့ နို့နဲ့ကြက်ဥအစား ဘာတွေသုံးနိုင်လဲဆိုတာမျိုးတွေပါ သင်ပေးမယ်ပြောတယ်။ အခုတည်းက စိတ်လှုပ်ရှားနေပြီ xD

အိပ်တော့မယ်နော်..

2 comments:

coral nyo said...

အစ်မလဲ ကန်ဒီလေးကို ပုံပြောတာများနေပြီ Vegan မုန့်ဖုတ်သင်တန်းလေးတော့ စိတ်ဝင်စားစရာကောင်းသား...။ ကိုယ်ဟာနဲ့ကိုယ် ဘာမုန့်မှဖုတ်မစားနိုင်သေးဘူးဖြစ်နေတယ် မအားလို့...။ မျှော်နေမယ် ကန်ဒီ့ရဲ့ မုန့်ဖုတ်မယ့်ပို့စ်လေးတွေကို...။

မိုးငွေ့

Candy said...

ဟုတ် :D