Thursday, March 29, 2018

Thingyan Vibe

ရန်ကုန်က ပြန်ရောက်ပါပြီရှင်.. ပြန်ရောက်ရောက်ချင်းအပတ်ထဲမှာပဲ သင်္ကြန်အတွက် Group Photo ရိုက်ရမယ်ဆိုတာနဲ့ Garden by the Bay မှာ ပညာဒါနက ဓာတ်ပုံဆရာတွေနဲ့ ဓာတ်ပုံသွားရိုက်ကြပါတယ်။ ဆရာမက အားလုံးနှင်းဆီပန်းပန်ရမယ်တဲ့။ ကိုယ့်မှာလည်း နှင်းဆီပန်းကမရှိ.. အဲ့ဒါနဲ့ စနေနေ့ညနေကြီး Daiso (ဘာဝယ်ဝယ် နှစ်ဒေါ်လာဆိုင်) မှာ နှင်းဆီပန်းအတုပြေးရှာရသေးတယ်။ နှင်းဆီပန်းပန်တာ တခြားကြောင့် မဟုတ်ဘူး.. မှာထားတဲ့ ပိတောက်ပန်း မရသေးလို့ပါ။ တရက်တလေလေး အိပ်ရတဲ့ တနင်္ဂနွေနေ့မှာ အစောကြီးထ အလှပြင် (လှချင်တာကိုး)... မထုံးတတ်ထုံးတတ်နဲ့ ဆံပင်ကို ကပိုကရိုလေးထုံး (YouTube က ဆံပင်ထုံးနည်းတွေ ကြည့်ပြီးထုံးတာ) ပန်းပန်.. မင်းသမီးမဟုတ်တော့ အားလုံး ကိုယ်တိုင်လုပ်ရတယ် xD






Garden by the Bay ကို မနက်(၉)နာရီလောက် ရောက်တယ်။ မိုးလေးဖွဲဖွဲကျနေလို့ စောင့်ရသေးတယ်။ ဓာတ်ပုံဆရာတွေ မရိုက်ခင် ကိုယ့်မင်းသမီးလှလှလေးတွေနဲ့ အရင် Selfie ဆွဲရသေးတယ်။ လှလှပပပြင်ထားတာလေး တန်အောင်လေ။ ကိုယ်တွေယိမ်း မင်းသမီးတွေက အချောတွေချည်းနော် (ကိုယ့်ငါးချဉ်တော့ ကိုယ်ပြန်ချဉ်ရမှာပဲ ဟဟ)။ အကျီက နှစ်စုံ.. ချိတ်နဲ့တစ်စုံ၊ သင်္ကြန်ယိမ်းဝတ်စုံတစ်စုံ.. တကယ့် တိုပါးရိုးပွဲနေ့မှာလည်း အဲ့ဒီနှစ်စုံနဲ့ပဲ ကမှာ.. သီချင်းက (၄)ပုဒ်။ တကယ်က,တဲ့နေ့မှာတော့ ပိတောက်ပန်းနဲ့ သင်္ကြန်ဆံပင်ပုံစံပြင်မှာပေါ့နော်.. ခုကတော့ ပိတောက်မရှိသေးတော့ ဒီပုံစံပေါ့..



ဓာတ်ပုံဆရာတွေက စိတ်ရှည်တယ်။ အသေးစိတ်ကအစ လိုက်ကြည့်ပြီး လိုအပ်တာတွေ ပြောပေးတယ်။ သူတို့ရိုက်ပေးတဲ့ပုံတွေက မရသေးဘူး။ ဒါ ကန်ဒီမိတ်ကပ်လိမ်းထားတဲ့ရုပ်လေ.. ကန်ဒီ Foundation မိတ်ကပ်မလိမ်းတာ နှစ်နဲ့ချီပြီ။ မျက်နှာလိမ်းတဲ့ Foundation လည်း မရှိဘူးလေ။ အဲ့ဒါ ဒီသင်္ကြန်အတွက်ရယ်.. မင်္ဂလာဆောင်အတွက်ရယ်ဆိုပြီး ဟိုတလောကမှ ၀ယ်ထားတဲ့ Tarte ရဲ့ "Rainforest of the Sea" ဆိုတဲ့ Water Foundation လေး စမ်းလိမ်းထားတာ.. မဆိုးဘူး.. ကောင်းပါတယ်။ Coverage အရမ်းကောင်းတဲ့ Foundation တော့ မဟုတ်ဘူး။ Light to Medium coverage လောက်မှာရှိမယ်။ ကန်ဒီအမြဲလိမ်းတဲ့ Tinted Moisturizer ထက်တော့ ပိုကောင်းတာပေါ့နော်.. Tarte က ကန်ဒီကြိုက်တဲ့ မိတ်ကပ် Brand တစ်ခုပေါ့။ သူက Cruelty-free လေ.. သူ့ Product တွေဆို ဘယ်ဟာက Vegan ပါ ဆိုတာမျိုးတွေတောင် information ပေးထားတယ်။ ကြိုက်တယ်။ ဒါလေးက တစ်ခါပဲ သုံးရသေးတော့ Review မရေးသေးဘူးနော်..


တိုပါးရိုးသင်္ကြန်က ဧပြီလ(၁၅)ရက်နေ့နော်.. မနက်(၁၀)ခွဲလောက်မှ အဆိုအကတွေ စ,မယ်။ စင်္ကာပူကဆို ကန်ဒီတို့ တိုပါးရိုးပင်တိုင်ယိမ်းကို လာအားပေးကြပါဦးလို့(:D)။ ကန်ဒီတို့အဖွဲ့ အကတွေလည်း အသေအလဲ တိုက်နေပါတယ်။ ခုဆို ကော့ရကောက်ရလွန်းလို့ ခါးတွေတောင် နာနေတယ်။ မြန်မာအကဆိုတာလည်း ခါးချိုးမှ လှတာမလား.. အဲ့တော့ မရှိတဲ့ခါးကို အတင်းချိုးရတယ်လေ။ သူများတွေလို မြန်မာခန္ဓာကိုယ် တင်တွေရင်တွေမရှိတော့ ပိုဆိုး.. သူများနည်းနည်းချိုးရင် ကိုယ်များများချိုးရတယ် ဟဟဟ xD

ဓာတ်ပုံဆရာတွေဆီက ဓာတ်ပုံလေးတွေရရင် ပြမယ်နော်..
သင်္ကြန်မတိုင်ခင်ရဖို့ မျှော်လင့်ပါတယ် :D

2 comments:

Padout layy said...

ခုဆို ကော့ရကောက်ရလွန်းလို့ ခါးတွေတောင် နာနေတယ်။ မြန်မာအကဆိုတာလည်း ခါးချိုးမှ လှတာမလား.. အဲ့တော့ မရှိတဲ့ခါးကို အတင်းချိုးရတယ်လေ။ သူများတွေလို မြန်မာခန္ဓာကိုယ် တင်တွေရင်တွေမရှိတော့ ပိုဆိုး.. သူများနည်းနည်းချိုးရင် ကိုယ်များများချိုးရတယ် ဟဟဟ xD

sis ka hla par tae naw.... thank for sharing... and nice photo too..

Candy said...

Thank you sis 😍