မင်္ဂလာညချမ်းပါနော်..
ကန်ဒီတို့အဖွဲ့ သင်္ကြန် Photoshoot က ပုံလေးတချို့ရပြီမို့ သင်္ကြန်မတိုင်ခင်လေး လာပြတာပါ။ (၈)ယောက်ရှိတဲ့အဖွဲ့မှာ အဲ့နေ့က တစ်ယောက်က မအားတော့ (၇)ဖော် မင်းသမီးတွေ ဖြစ်သွားတယ်လေ။ တိုပါးရိုးသင်္ကြန်က လာမယ့်တနင်္ဂနွေ ဧပြီလ(၁၅)ရက်နေ့ပါ။ နေ့လည်(၁၁)နာရီလောက် အဆိုအကတွေ စပါမယ်။
အားလုံးအကတွေတိုက်ပြီး သင်္ကြန်နားနီးမှ အခုပြသနာတတ်နေတယ်။ အဖွဲ့ထဲက ညီမလေးတယောက်က ရုတ်တရက်ရန်ကုန်ခဏပြန်သွားရတော့ အခုအသည်းအသန် လူရှာနေရတယ်။ တယောက်ရပြီလို့တော့ ပြောတယ်။ အဲ့ဒီအသစ်ညီမလေးကို အချိန်တိုအတွင်းမှာ အကတွေ အကုန်ပြန်သင်ရမှာပေါ့။ ဖြစ်လိုက်ရင် အဲ့လိုအသည်းအသန်တွေချည်းလေ..
ပညာဒါနကအစ်ကိုတွေ ရိုက်ပေးတဲ့ ပုံလေးတွေ လှမှလှနော်.. ဓာတ်ပုံဆရာတွေတော်လို့ အားလုံးလှနေကြတာပါ။ သူတို့က အသေးစိတ် သူတို့လိုချင်တဲ့ပုံစံရတဲ့အထိ လိုက်ပြောပေးတယ်။ ထမီကိုဘယ်လိုပြင်လိုက်ပါ၊ ခေါင်းကိုဘယ်လိုစောင်းလိုက်ပါ ဆိုတာမျိုး။ အဲ့ဒါကြောင့်လည်း ပုံလေးတွေက လှနေတာ။
ဒါက ကန်ဒီ့ကို တယောက်တည်းရိုက်ပေးထားတဲ့ပုံလေးတွေ... ကင်မရာကောင်းတော့ နောက်ခံရှုခင်းက၀ါးဝါးလေးတွေဖြစ်ပြီး အရမ်းလှတယ်။ အဲ့ပုံရဖို့ ကန်ဒီ့ကို အာပေါက်အောင် ပြောရတယ်လေ။ အဲ့လိုတော်တဲ့ မော်ဒယ်ပါ (xD)။ ထမီက ကျနေရင် မလှဘူးဆိုလို့ ထမီကိုဒူးနဲ့ညှပ်ထားရတယ်၊ ဘယ်ဖက်လက်နဲ့ ကိုင်ထားရတယ် ဟဟဟ။ လှချင်တော့ အဲ့လောက်တော့ အပင်ပန်းခံရတယ်။ Garden by the Bay မှာ သွားရိုက်ထားတာပါ။ စိတ်ရှည်လက်ရှည်ရိုက်ပေးတဲ့ အစ်ကိုများအားလုံးကို ကျေးဇူးတင်ပါတယ်။
ကန်ဒီတို့ အကတိုက်ထားတဲ့ Video File လေးတချို့ကို စုပြီး အမှတ်တရဗွီဒီယိုလေး လုပ်ထားပါတယ်။ ဒါကတော့ သင်္ကြန်မတိုင်ခင် အမြည်းပေါ့နော်..
တာ့တာ..
တာ့တာ..
2 comments:
ချိတ်ထဘီနဲ့ ၀တ်စုံက ပိုကြည့်လို့ ကောင်းတယ်။
ခရမ်းရောင်ဝတ်စုံရဲ့ အဆင်က နည်းနည်း ၀ါးတားတား ဖြစ်နေတယ်။
-m
ဟုတ်တယ် သင်္ကြန်ရေစိုဒီဇိုင်းမို့လေ..
Post a Comment