ကန်ဒီတို့ရဲ့ တိုပါးရိုးသင်္ကြန်လေး ချောချောမွေ့မွေ့ပဲ ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ပြီးသွားပါပြီရှင်.. ဒီနေ့ပိုစ့်လေးကတော့ သင်္ကြန်ပုံလေးတွေ တင်ဖို့နဲ့ သင်္ကြန်အမှတ်တရလေးတွေ ပြောဖို့ပါ။ ပြီးခဲ့တဲ့ပိုစ့်မှာ ကန်ဒီပြောပြထားသလိုပဲ အဖွဲ့ထဲက ညီမတစ်ယောက်က ရုတ်တရက်ရန်ကုန်ပြန်သွားရတော့ နောက်ညီမလေးတစ်ယောက်ကို အစားထိုးပြီး သူ့ကို(၃)ရက်တည်းနဲ့ သီချင်းသုံးပုဒ်ကို အပြီးတိုက်ရတယ်။ အဲ့ဒီအသစ်ညီမလေးကလည်း တော်တယ်။ သူသီချင်း(၃)ပုဒ်လုံးကို (၃)ရက်တည်းနဲ့ မှတ်နိုင်တယ်။
သင်္ကြန်မတိုင်ခင် Rehearsal နေ့ကတော့ မှတ်မှတ်ရရ ဆရာမဆူတာ တဖွဲ့လုံးခံရတဲ့နေ့။ မညီလို့လေ.. မညီဆို တိုက်ချိန်ကလည်း မရ၊ တစ်ယောက်အားရင် နောက်တစ်ယောက်က မအား၊ ဒီကြားထဲ လူစားထိုးလိုက်ရသေးတယ်၊ အဲ့ဒီ Rehearsal နေ့မှ တဖွဲ့လုံးလူစုံတယ်။ လူစုံတခါမှ မတိုက်ဖူးဘဲ အဲ့နေ့မှလူစုံတိုက်တော့ တယောက်တပေါက် မညီမညာနဲ့ပေါ့။ နေ့လည်(၁၂)နာရီကနေ ညနေ(၄)နာရီကျော်ထိ တချက်မှ မနားရဘူး။ ဆက်တိုက် ဆရာမအဆူခံပြီး တိုက်ရတာ။ တချက်မညီတာနဲ့ သီချင်းပိတ် အစကပြန်က,ရတာ။ နောက်ဆုံးတော့ ဆရာမလည်း ဆူရတာမောသွားတယ်၊ ကိုယ်တွေလည်း မျော့မျော့ပဲကျန်တော့တယ်။ စိတ်လည်းလျော့ချလိုက်တယ်။ ဒီနှစ်သင်္ကြန်တော့ ပင်တိုင်ယိမ်း နာမည်ပျက်ပြီပေါ့။ နှစ်စဉ်ညီညီညာညာ က,လာတာကိုး။
နောက်နေ့ မနက်စောစောထ ကိုယ့်ဟာကိုယ် အလှပြင်၊ ဆံပင်ပြင်၊ ပန်းပန် ဘုန်းကြီးကျောင်းကို (၉)နာရီလောက် အရောက်သွားရတယ်။ ဆရာမက မျက်တောင်တုတပ်ရမယ်ဆိုလို့ တစ်ခါမှ မတပ်ဖူးတဲ့ မျက်တောင်တုကိုတပ်တာ (၁၅)မိနစ်ကြာတယ်။ ချိတ်နဲ့က အောင်ထက်နဲ့ နီနီခင်ဇော်ဆိုထားတဲ့ "မင်္ဂလာပါ" ဆိုတဲ့သီချင်းလေး က,တယ်။
"ရွှေသင်္ကြန်"ဆိုတဲ့ သီချင်းလေးရယ် "တစ်နှစ်နွမ်း တစ်နှစ်ဆန်း"ဆိုတဲ့ သီချင်းလေးရယ်ကိုကျ ဆင်တူခရမ်းရောင်ဝတ်စုံလေးတွေနဲ့ ကတယ်။ အရင်နှစ်ကလောက် အားမရပေမယ့် အားလုံးကြိုးစားပြီး ကကြပါတယ်။ ပရိသတ်တွေကလည်း အားပေးတယ်။ အပျော်ရဆုံးအချိန်ကတော့ သင်္ကြန်ပြီး နောက်တနေ့.. ကန်ဒီတို့အဖွဲ့က,တဲ့ Video ဖိုင်လေးကို ကိုယ်တွေမသိတဲ့ အစ်ကိုတယောက်က စင်္ကာပူရောက် ရွှေမြန်မာများဆိုတဲ့ Facebook Group လေးမှာ သွားရှယ်ထားတာ.. Comments တွေမှာ အားလုံးက တော်တယ်၊ ကသွားတာ လှလိုက်တာ၊ အဲ့ဒီအဖွဲ့အရမ်းသဘောကျတယ်ဆိုတဲ့ comment လေးတွေ ဖတ်ရတော့ တဖွဲ့လုံး ပျော်နေကြတယ်။
နောက်မှတ်မှတ်ရရလေး တစ်ခုကတော့.. ယိမ်းအပြင် မောင်လေးတစ်ယောက်က သူဆိုတဲ့သီချင်းလေးကို က,ပေးကြပါဆိုတာနဲ့ ဆရာမရယ်၊ ကန်ဒီရယ်၊ နောက်ညီမလေးရယ်က သူ့အတွက် အကကျင့်ထားပေးတယ်ပေါ့။ ပွဲနေ့ကျတော့ ကန်ဒီက သူ့သီချင်းအလှည့်ဆိုတာမေ့ပြီး နေ့လည်စာစားနေတာ။ MC တွေက သူ့သီချင်းနာမည်ခေါ်မှ ပါးစပ်ထဲ ပလုတ်ပလောင်းနဲ့ စင်ပေါ်ပြေးရတာ ဟဟဟ xD
ကဲ.. အာလူးဖုတ်မနေတော့ဘဲ ကန်ဒီတို့က,တဲ့ ဗွီဒီယိုလေး ပြမယ်နော်။ သီချင်းကတော့ နှစ်ပုဒ်ပဲပါတယ်။ ပထမဆုံးက,တဲ့ တစ်ပုဒ်က မရိုက်လိုက်ရလို့။ မညီမညာတာလေးတွေကို သည်းခံပြီး ကြည့်ပေးပါလို့ :D
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်..
4 comments:
don't worry. not too much out-of-sync.
with life commitment, it's impressive to put up such a good show.
thumbs up.
p.s: not everybody folds the longyi in the same side. =)
-m
Thank you 😊
ဓါတ်ပုံလေးတွေရိုက်ထားတာအရမ်းကောင်းတယ်...။ ကန်ဒီလေးက အလှဆုံးပဲ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာမဟုတ်...။ နှစ်တိုင်းသင်္ကြန်ကို မပျက်မကွက် ကနိုင်တာကိုလည်း ချီးကျူးပါတယ်...။
မိုးငွေ့
လှတယ်ပြောတော့ သဘောတွေကျ ဟီးဟီး 😝
ကျေးဇူးပါ မမမိုးငွေ့ရေ
Post a Comment