မင်္ဂလာညချမ်းပါ..
ကန်ဒီ့ဘလော့ဂ်က ဘယ်သူတွေ ဘယ်ကလာလဲ စပ်စုတဲ့ Visitor တွေကြည့်တဲ့ဟာလေးက မရတော့လို့ ဘယ်သူတွေလာလို့လာလဲ မသိရနဲ့ စာရေးချင်တဲ့ mood က ပျောက်နေတာလေ။ အရင်က အဲ့ဒါလေးရှိတော့ ကိုယ်ရေးတာလေးတွေ လာဖတ်တဲ့သူတွေရှိသားဆိုပြီး အားတက်ပြီး စာရေးဖြစ်တယ်။ ခုက ရေးရင်တောင် ဖတ်တဲ့သူရောရှိရဲ့လား မသိရတဲ့ဘ၀ :(
အဲ့ဒါထားပါတော့.. ဒီနေ့ပြောပြမှာက ပျော်စရာသတင်း။ ကန်ဒီရာထူးတက်သွားပြီ။ Senior ဆိုတာလေး ရှေ့မှာတိုးလာတယ်။ ဒီလိုအချိန်နှစ်ဝက်ဆို ကန်ဒီတို့အလုပ်မှာ Performance Bonus ဆိုတာရှိတယ်။ ဒီလိုအချိန်မျိုးဆို Clinic Pharmacy Manager (CPM) နဲ့ တစ်ယောက်ချင်း စကားပြောရတယ်။ သူက ကိုယ့်အားနည်းချက်တွေ အားသာချက်တွေကို ပြောမယ်ပေါ့။ သူကိုယ့်အပေါ် ပြီးခဲ့တဲ့ တစ်နှစ်လုံးစာ Rating ပေးတဲ့အပေါ်မူတည်ပြီး Bonus အနည်းအများ ကွာခြားသွားတယ်။ ပုံမှန်အားဖြင့် သူနဲ့စကားပြောပြီးရင် ကိုယ့်အခြေအနေ ရာထူးတိုးမတိုး အားလုံးသိပြီးပြီ။ ကန်ဒီ့အလှည့်ကျမှ သူနဲ့စကားပြောတဲ့အချိန်မှာ သူကရာထူးတိုးတယ် ဘာညာ ဘာတစ်ခွန်းမှ မပြောဘူး။ Rating ကိုတော့ Exceed Expectation ပေးထားတယ်။ အဲ့ဒါပဲ သိပြီး ရန်ကုန်ပြန်သွား မင်္ဂလာဆောင်ရော။ ရန်ကုန်ကပြန်လာပြီး ပြီးခဲ့တဲ့ နှစ်ပတ်လောက်မှ အလုပ်မှာ Promote ဖြစ်တဲ့သူတွေ တရားဝင်ကြေငြာမှ ကိုယ်ရာထူးတက်တာ သိတယ် ဟဟဟ။ အဲ့သတင်းကြီးထွက်လာမှ CPM က ကိုယ့်ဆီဖုန်းဆက်ပြီး ရာထူးတိုးတဲ့အကြောင်းပြောတယ်။ Upgrade ဆို သူတစ်ယောက်တည်း ဆုံးဖြတ်လို့ရပေမယ့် Promotion ကျတော့ တခြား Branch က CPM တွေပါ Approve ဖြစ်မှ ပေးလို့ရတာမို့ သူမသိသေးတဲ့အချိန်မို့ ဘာမှမပြောခဲ့တာပါတဲ့။ ကန်ဒီ့အတွက်တော့ လုံးဝ Surprise ပေါ့။ အလုပ်ကလူတွေကကျ ကန်ဒီက လျှိုတယ်ပေါ့.. ရာထူးတက်တာ မပြောဘူးဆိုပြီး ဟဟဟ... အမှန်က ကိုယ်တကယ်ကိုမသိခဲ့တာ xD
ဒါကန်ဒီ့ပထမဆုံးအလုပ်.. ဒီမှာလုပ်တာ (၄)နှစ်ကျော်လောက်ရှိပြီ။ ကန်ဒီကံကောင်းတယ်ပဲ ပြောရမယ်။ မန်နေဂျာ ခေါင်းဆောင်ကောင်းကောင်းရထားတယ်။ ကန်ဒီ့အတွက်တော့ သူက တကယ့်စံပြပဲ။ တချို့တွေက သူ့ကိုမကြိုက်ကြဘူး။ ဘာလို့လဲဆိုတာ ဘယ်လိုမှစဉ်းစားလို့မရဘူး။ တစ်ခုခုဖြစ်ရင် သူ့ကိုပြေးရှာလို့ရတယ်။ လူနာ Complain တက်လည်း ခေါင်းမရှောင်တတ်ဘူး။ သူကိုယ်တိုင်ရှင်းတယ်။ အမြဲအလုပ်ရှုပ်ပြီး ကန်ဒီတို့နဲ့ နေ့တိုင်းမတွေ့ဖြစ်ပေမယ့် တစ်ယောက်ချင်းစီရဲ့ အားနည်းချက် အားသာချက်ကို သူသိတယ်။ ကန်ဒီ့အားနည်းချက်ကို သူသိတာ ကိုယ်တိုင်အံ့သြရတယ်။ ကန်ဒီ့ကို Teamwork အရမ်းကောင်းတယ်။ အားလုံးနဲ့ သင့်မြတ်အောင်နေနိုင်တယ်။ ဒါပေမယ့် တင်းမာရမယ့်ကိစ္စမျိုးတွေကျရင် နည်းနည်းပျော့တယ်တဲ့။ တချို့နေရာတွေမှာ တင်းမာသင့်ရင် တင်းမာရမယ်... ပြောစရာရှိရင် ပြောရမယ် ပြောရဲရမယ်လို့ ဆုံးမတယ်။ နောက်တစ်ခုက ကန်ဒီက တခုခုဆို သူများလာအကူအညီတောင်းရင် အဲ့ဒီ Case ကို Takeover ယူပြီး ကိုယ်ပဲဖြေရှင်းပေးလိုက်တာမျိုး။ အလုပ်မှာ တော်တော်များများက သူတို့ဘာလုပ်ရမလဲ မသိရင် ကန်ဒီ့ဆီပဲလာမေးတတ်တာလေ။ အဲ့ဒါမျိုးကျရင် ကိုယ်က၀င်ကူညီပေးပြီးရင် နောက်တစ်ခါ ဒါမျိုးကြုံလာခဲ့ရင် သူတို့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနိုင်ရမယ်တဲ့။ ကန်ဒီက Clinical Trainer ... Clinical Training ပိုင်းမှာ အရမ်းတော်တယ်တဲ့.. ဒါပေမယ့် Clinical Training အပြင် တခြားအပိုင်းတွေမှာလည်း တခြားသူတွေကို Train စေချင်တယ်တဲ့။ ကဲကြည့် အဲ့ဒါက ကန်ဒီ့ရဲ့ Biggest Weakness... သူများကို ဘာလုပ်ပါ ပြောရမှာ ကန်ဒီအရမ်းဝန်လေးတယ်။ အဲ့လိုပြောရမှာထက် ကိုယ်တိုင်ဝင်လုပ်လိုက်ချင်တာမျိုး။ အဲ့ဒါကို သူသိနေတာ အံသြစရာ >.<
သူက အဲ့အချက်လေးတွေကို တိုးတက်လာအောင် ကြိုးစားကြည့်ပါတဲ့။ သူတို့အမြဲ Support လုပ်ပေးမယ်.. အမြဲတိုင်ပင်နိုင်တယ်တဲ့။ Promotion Letter Officially ပေးတဲ့အချိန်မှာလည်း သူက မေးတယ်။ တခြားသူတွေက ကန်ဒီရာထူးတိုးပြီးတဲ့အချိန်မှာ ပြောင်းလဲဆက်ဆံတာမျိုးတွေ ရှိလားတဲ့။ အလုပ်မှာ ကန်ဒီ့ထက် လုပ်သက် သက်တမ်းကြာပြီး Senior မဖြစ်သေးတဲ့သူတွေရှိတော့ သူတို့က ပြောင်းလဲဆက်ဆံတာမျိုးတွေ ဖြစ်မှာစိုးလို့ပါတဲ့။ အဲ့လိုမျိုးထိတွေးပြီး မေးတတ်တာ.. ကန်ဒီက အားလုံးအေးဆေးပါပဲလို့ ဖြေလိုက်တယ်။
အပျော်တွေကူးစက်အောင် ရေးတဲ့ပိုစ့်လေးပါ..
အားလုံး ရွှင်လန်းချမ်းမြေ့ပါစေနော်..
11 comments:
ဂုဏ်ယူပါတယ် ကန်ဒီလေးရေ.... မင်္ဂလာဆောင်ပြီး နောက်ထပ်သတင်းကောင်းလေးကြားရတာ ၀မ်းသာစရာပါ...။
မိုးငွေ့
အလုပ်မှာအားတိုင်း ဝင်ကြည့်ဖြစ်တယ် ညီမလေးရေ...ပို့စ်အသစ်များတင်လားလို့
ကျေးဇူးတင်ပါတယ် အစ်မတို့ရေ..
ဧည့်သည်တွေ မမြင်ရတော့ စာရေးတဲ့ mood က ပျောက်နေတာ ဟဟ
Congratulations!
ကျေးဇူးပါ... 😍
congrats...
glad that your supervisor is your idol...
Thank you!! Yeah, it’s a bless having a good leader. Isn’t it?! ☺️
Congratulation Candy
Waaaa.. so happy that i still got some readers although my absence yayy ^_^
Congratulations.... :)
ဂုဏ်ယူပါတယ်ကန်ဒီလေးရေ။
မင်္ဂလာသတင်းတွေချည့်ကြားနေရတာ ကိုယ်တောင်ပျော်လာတယ်။
မမအိုင်အိုရာ
Post a Comment