Saturday, September 1, 2018

အိမ်ရှင်မ

တနေ့ကပဲ Annual Competency Test 2 ပြီးလို့ ခဏနားနေတယ်။ နှစ်တိုင်း ဒီအချိန်ဆို အလုပ်မှာစာမေးပွဲတွေရှိတော့ စာလုပ်နေရတယ်။ Test 3 အတွက်ကို နောက်အပတ်မှပဲ စာစကြည့်တော့မယ်။ Test 1 နဲ့ Test 2 ကတော့ ခုထိအမှတ်ပြည့်ရနေသေးတယ်။ Test 3 ကြရင်တော့ ဘယ်လိုလာမလဲ မသိသေးဘူး။ စာမရေးဖြစ်တဲ့အကြောင်းရင်းကတော့ အဲ့စာမေးပွဲတွေကြောင့်ရော.. မင်္ဂလာဆောင်ပြီး အိမ်ရှင်မလုပ်နေရတော့ အိမ်အလုပ်တွေနဲ့ရှုပ်နေလို့ရော ဆိုပါတော့.. ဟဟဟ xD

အိမ်ရှင်မကောင်းဖြစ်ချင်တော့ ထမင်းဟင်းချက်ရတယ်။ အ၀တ်လျှော် မီးပူတိုက်ရတယ်။ အိမ်ထောင်မကျခင်ကတော့ တစ်ယောက်စာပဲပေါ့.. ကိုယ့်ဟာကိုယ်ပျင်းရင် ရှိတာလေးနဲ့လည်း ဖြစ်သလိုစားလိုက်တာပဲ။ တကူးတကချက်မနေဘူး။ ခုအိမ်ထောင်ကျပြီးတော့ အားလုံးနှစ်ယောက်စာ... ပင်ပန်းလည်း သူမစားနိုင်မှာစိုးလို့ ဖွယ်ဖွယ်ရာရာပြင်ဆင်ပေးတယ်။ အထူးသဖြင့် ကိုယ်ကသက်သတ်လွတ်စားတော့ အသားငါးမချက်ဘူးလေ။ သူက အိမ်မှာဆို ကန်ဒီ့လိုသက်သတ်လွတ် လိုက်စားပေးတော့ သူမစားနိုင်မှာစိုးလို့ သက်သတ်လွတ်ဟင်းတွေကို သေချာချက်ပေးတယ်။







ကန်ဒီ့ကို အသားငါးချက်ပေးဆိုလည်း မချက်တတ်ဘူး ဟဟဟ။ ကြက်သားဟင်းပဲ ချက်တတ်တယ်။ ဒါပေမယ့် အသားငါးမချက်ပေးဘူး ပြောထားတယ် xD သူကလည်း သဘောတူထားပြီးသားဆိုတော့ ကိစ္စကြီးကြီးမားမား မရှိတော့ဘူးပေါ့။ နောက်ပြီး သူကန်ဒီ့ကို စတွေ့ကတည်းက ကန်ဒီက သက်သတ်လွတ်သမား... သူလက်ခံနိုင်လို့ ရည်းစားစကားပြောခဲ့တာဆိုတော့ ဒါတွေကို သူ့ဘက်ကကြိုတွက်ထားပြီးသားလို့ ကန်ဒီယူဆတယ်လေ :D

အခုအိမ်မှာ အစစအရာရာ ပျက်စီးနေတယ်။ ဟိုဘက်ခန်း Aircon က ရေယိုလို့ Servicing ခေါ်တာ Chemical wash လုပ်ရမယ်ဆိုလို့ SGD 130 နဲ့ ဒီနေ့ပဲလုပ်ထားတယ်။ ဆက်လက်စောင့်ကြည့်ရမယ်။ အ၀တ်လျှော်စက်က ပျက်သွားလို့ အခုအ၀တ်တွေအကုန်လုံးကို လက်နဲ့လျှော်နေရတယ်။ ခါးတောင် နာချင်ချင်ရယ် >.< အခုမှ အ၀တ်လျှော်စက်ရှိခြင်းရဲ့ တန်ဖိုးကို ပိုနားလည်လာတယ် ဟဟဟ။ Agent က အသစ်လဲပေးမယ်လို့တော့ ပြောတာပဲ။ ဘယ်တော့များမှ လာမလဲမသိဘူး.. မျှော်နေရတယ် xD

ကန်ဒီ့တူလေးနောက်တစ်ယောက်စင်္ကာပူကို ရောက်နေတယ်။ ၀မ်းကွဲအစ်ကိုရဲ့သားလေး.. သူရောက်နေတာနဲ့ ကြီးကြီးတို့ ဘဘတို့ ကိုကြီးတို့ ကိုလေးတို့ ညီမလေးတို့နဲ့ မိသားစုညစာထွက်စားဖြစ်ကြတယ်။ အားလုံး လူလွတ်မရှိတော့ဘူး။ အတွဲလေးတွေနဲ့ ဖြစ်ကုန်ပြီ ဟဟဟ xD





ဒီနေ့တော့ ဒီလောက်ပဲနော်..
Good Night^^

5 comments:

coralnyo@gmail.com said...

ချစ်စရာလေး... အစ်မကတော့ ကန်ဒီကိုအိမ်ထောင်ကျသွားလည်း ကလေးလေးတစ်ယောက်လိုပဲမြင်တုန်း...။

ချစ်တဲ့
မိုးငွေ့

Candy said...

ဟဟဟ.. အစ်မညီမက ၃၀ ပြည့်ပြီဗျ ဟဟဟ

Ma Tint said...

မိုးငွေ့ပြောသလိုပါပဲ အမြဲတန်းကလေးလေးတစ်ယောက်လို
ချစ်စရာအပြုအမူလေးတွေနဲ့ သိကြားလုံးလေးကို
လူကြီးတစ်ယောက်လို့မမြင်မိသေးဘူး ❤️
ရွာလည်ပြီးစာမူတွေလိုက်တောင်းနေတာ ပို့ပေးအုံးနော် :P

Candy said...

တီတင့်ရေ.. သမီးက အရေးအသားညံ့သူမို့ မပါတော့ပါဘူးနော်..
စာမူတောင်းတဲ့ တီတင့်ကို ကျေးဇူးအများကြီးတင်ပါတယ်

Anonymous said...

တော်လိုက်တဲ့ကန်ဒီလေး။
ချစ်စရာကောင်းလိုက်တာ။
မမအိုင်အိုရာ