ကန်ဒီ မော်ဒယ်မထိုင်ပေးဖြစ်တာ တော်တော်ကြီး ကြာသွားပြီ။ အဓိကအကြောင်းရင်းက ကိုယ်က တကယ့်မော်ဒယ်လည်းမဟုတ်တော့ မနေတတ်မထိုင်တတ်လေ။ အဲ့တော့ ကိုယ့်ကိုရိုက်တဲ့ ဓာတ်ပုံဆရာတွေကို အားနာတာနဲ့ မလုပ်ပေးဖြစ်တော့ဘူး။ ပြီးခဲ့တဲ့လက အစ်ကိုတစ်ယောက်က ဓာတ်ပုံရိုက်ရအောင် ပြောလာတာနဲ့ ညီမမော်ဒယ်မဟုတ်ဘူးနော်.. မလုပ်တတ်ဘူး.. ပြောတော့ ပေါ့ပေါ့ပါးပါးပဲ ရိုက်မှာ ကိစ္စမရှိဘူးဆိုတာနဲ့ မောင်နှမတွေ ဓာတ်ပုံသွားရိုက်ကြတယ်။ အစ်မတစ်ယောက်အပါအ၀င် ဓာတ်ပုံဆရာက (၄)ယောက်လောက်ရှိတယ်။ Botanic Garden မှာ သွားရိုက်ကြတယ်။ ဒီနေ့ပိုစ့်ကတော့ အဲ့ဒီနေ့ကပုံလေးတွေ တင်ဖို့ပါ။
ဓာတ်ပုံဆရာတစ်ယောက်ချင်းဆီမှာ သူ့စတိုင်လ်လေးနဲ့သူ Edit လုပ်တာလေးတွေရှိတော့ ပုံတွေက တစ်ပုံနဲ့တစ်ပုံ သိပ်တော့မတူဘူး။ ဒါလည်း သူတို့ရဲ့အနုပညာပေါ့နော်..
ပုံလှလှလေးတွေရလို့ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်...
8 comments:
ပုံလေးတွေအကုန်လှတယ် စကားပွင့်ပန်နေတဲ့ပုံလေးကိုအကြိုက်ဆုံးပဲ...
မိုးငွေ့
မင်္ဂလာပါ ကန်ဒီလေး
ကျေးဇူးပါ မမမိုးငွေ့ရေ.. 😘😘
မင်္ဂလာပါရှင့် ☺️☺️
ပိုလှလာတယ်ဗျို့...
အောက်ဆုံး နှစ်ပုံ အကြိုက်ဆုံးပါ။
လူ က လှပြီးသာ။ ပညာရှင်တွေက ရိုက်ပေးလိုက်တော့ ဘာပြောကောင်းမလဲ ပေါ့။း)
မမအိုင်အိုရာ
ကျေးဇူးပါ မမနဲ့ မိုးသက်ရေ
hello Candy, nice to see you
W
အချိန်တွေသာပြောင်းသွားတာ။ ငါ့အစ်မက ဟိုးအရင် စခင်တုန်းကလိုပဲ ငယ်ငယ်လေးကျနေတာပဲ။
Vegan ဖြစ်တာကြောင့်လည်းပါမယ်ထင်တယ်။ ကျနော်တို့ကတော့ ဆေးလိပ်တွေသောက် ကျန်းမာရေးနဲ့ မညီတဲ့ နေမှုပုံစံတွေကြောင့် ပုံပျက်အိုနေပြီ။
ပို့စ်အသစ်တင်ထားတယ်ထင်နေတာ။ ၂၀၁၈ တုန်းက ဟာဖြစ်နေတယ်။ တကယ်က ကိုယ်မဖတ်ဖြစ်တာနေမှာပါ XD
လာလည်သွားတယ်။
မောင်ငယ်
ငမိုး
Post a Comment